Xiaomi က စွမ်းရည်မြင့် 14 Ultra မှာ ကင်မရာ အသစ် တပ်ဆင်ထားမယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ နောက်ထပ် Leakster တစ်ယောက်က တောက်ပတဲ့ f/1.63 Aperture ပါလာမှာ ဖြစ်ပြီး ဖေဖော်ဝါရီလကုန်မှာ ကြေညာမယ်လို့ ပြောပါတယ်။

Xiaomi 14 Ultra global variant spotted on Geekbench, launch tipped for  February

အဲဒီအချိန်ဟာ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress (MWC) ပွဲနဲ့ တိုက်ဆိုင်နေပါတယ်။ Xiaomi 14 Ultra နဲ့အတူ 14 နဲ့ 14 Pro ကိုလည်း နိုင်ငံတကာအတွက် ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက မိတ်ဆက်ပွဲဟာ Conference ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး Home Device အသစ်တွေကိုလည်း ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီပွဲမှာ Xiaomi SU7 လျှပ်စစ်ကားကိုလည်း ပြသနိုင်ပါတယ်။

Xiaomi 14 Ultra might launch next month -

14 Ultra ရဲ့ Variable Aperture အကြောင်း သတင်းထွက်နေတာ ကြာပါပြီ။ f/1.6 နဲ့ f/4.0 အကြားမှာ ပြောင်းလဲ အသုံးပြုနိုင်တဲ့ Two-step Lens ဖြစ်ပါတယ်။ Sony ရဲ့ ၁ လက်မ အမျိုးအစား ပလက်ဖောင်း ဖြစ်တဲ့ LYT-900 Sensor ပါလာနိုင်ပါတယ်။

Xiaomi ဟာ အရင်မျိုးဆက်လိုပဲ 14 Ultra အတွက် ကင်မရာ Kit ကို မှတ်ပုံတင်ထားပါတယ်။ ဒါပေမယ့် ဒီ ဗားရှင်းဟာ အပို Battery လိုလည်း အသုံးပြုနိုင်တဲ့အတွက် Battery သက်တမ်းကို တိုးတက်စေမှာပါ။ ဒီလကုန်မှာတော့ Xiaomi 14 Ultra ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိလာရတော့မှာပါ။

Ref : gsmarena