လပေါင်းများစွာ သတင်း ထွက်ခဲ့ပြီးနောက်မှာ Xiaomi က ပထမဆုံး လျှပ်စစ်ကားကို တရားဝင် ကြေညာလိုက်ပါတယ်။ CEO Lei Jun က အထူး ပွဲ တစ်ခုနဲ့ SU7 EV ကို ကြေညာလိုက်တာ ဖြစ်ပြီး အရောင် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အဲဒီကားဟာ Xiaomi ရဲ့ လျှပ်စစ်ကား နယ်ပယ်ထဲကို ဝင်ရောက်တဲ့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။

Xiaomi 14, Xiaomi 14 Pro, and Xiaomi Watch S3 are getting the SU7 EV's colors

ကုမ္ပဏီက Xiaomi 14, Xiaomi 14 Pro နဲ့ Xiaomi Watch S3 အတွက် SU7 အရောင်တွေ ဖြစ်တဲ့ Aqua Blue နဲ့ Verdant Green ကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အရင်က Xiaomi 14 နဲ့ 14 Pro အတွက် White, Black နဲ့ Green အရောင်တွေ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Xiaomi 14 နဲ့ 14 Pro ရဲ့ အရောင်အသစ်တွေအတွက် 16GB RAM+1TB Storage Configuration ထည့်သွင်းပေးထားပြီး ၄,၉၉၉ ယွမ်နဲ့ ၅,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ Xiaomi Watch S3 Limited Edition အတွက် eSIM Version ပဲ ထုတ်လုပ်ထားပြီး ၁,၀၉၉ ယွမ် သတ်မှတ်ထားပါတယ်။

လက်ရှိမှာတော့ အဲဒီ အရောင်တွေကို တရုတ်မှာပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။ SU7 လျှပ်စစ်ကားကိုလည်း တရုတ်မှာပဲ ကြေညာလိုက်တဲ့အတွက် နိုင်ငံတကာမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ Xiaomi က SU7 ရဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။

Ref : gizmochina