Xiaomi က အရင်နှစ် စက်တင်ဘာလမှာ 13T နဲ့ 13T Pro ကို ကြေညာခဲ့ပြီး အခုတော့ 14T နဲ့ 14T Pro ကို ကြေညာဖို့နီးနေပါပြီ။ အဲဒီ ဖုန်းတွေရဲ့ Specs နဲ့ ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Xiaomi 14T and 14T Pro Mega Leak Reveals Full Specs, Prices, and Release Date

Xiaomi 14T မှာ 12GB RAM နဲ့ 256GB Storage ပါလာမှာ ဖြစ်ပြီး ၆၄၉ ယူရို သတ်မှတ်ထားမှာပါ။ 14T Pro မှာ 12GB RAM နဲ့ 512GB Storage ပါလာမှာ ဖြစ်ပြီး ၈၉၉ ယူရို သတ်မှတ်ထားမှာပါ။ တခြား RAM/Storage Option တွေ ထွက်လာမလားဆိုတာ မသိရသေးပါဘူး။

14T မှာ MediaTek Dimensity 8300 Ultra နဲ့ Pro မှာ Dimensity 9300+ မောင်းနှင်ထားမှာပါ။ ဖုန်း ၂ လုံးစလုံးအတွက် Titanium Black, Titanium Grey နဲ့ Titanium Blue အရောင်တွေ ထုတ်လုပ်ထားမှာပါ။

Xiaomi 14T and Xiaomi 14T Pro Specs leaked, That's all we know

ဖုန်း ၂ လုံးစလုံးမှာ 6.67” 144Hz AMOLED 1220x2712p Display ပါလာမှာ ဖြစ်ပြီး 4,000 Nits Peak Brightness ထောက်ပံ့ထားမှာပါ။ 14T မှာ 1/1.56” Main , 50MP Telephoto 2.6x Optical Zoom နဲ့ 12MP Ultrawide ကင်မရာ တပ်ဆင်ထားမှာပါ။

Pro မှာ ပိုကြီးတဲ့ 1/1.31” Main ကင်မရာ ပါလာမှာ ဖြစ်ပြီး တခြား ကင်မရာတွေက တူညီကြမှာပါ။ ဖုန်း ၂ လုံးစလုံးမှာ 32MP ဆဲလ်ဖီး ကင်မရာနဲ့ 5,000mAh Battery တပ်ဆင်ထားမှာပါ။

အဲဒီဖုန်းတွေကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena