Xiaomi  က Flagship Killer Series ကို ကြေညာလိုက်ပါတယ်။ အဲဒါတွေက Xiaomi 14T နဲ့ 14T Pro တို့ ဖြစ်ပါတယ်။

အဲဒီဖုန်းတွေမှာ 6.67” 144Hz Display တပ်ဆင်ထားပြီး ကင်မရာ ၃ လုံး၊ 5,000mAh Battery နဲ့ Dimensity Chipset ထည့်သွင်းထားပါတယ်။

Xiaomi 14T and 14T are official with 144Hz displays, triple cameras

Xiaomi 14T Pro ဟာ စွမ်းရည်ပိုမြင့်မားပြီး ပိုမြန်တဲ့ Dimensity 9300+ Chipset ထည့်သွင်းထားပါတယ်။ 12GB နဲ့ 16GB RAM ပါလာပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

14T Pro ရဲ့ 5,000mAh Battery မှာ ပိုမြန်တဲ့ 120W Charging ပါလာပြီး 50W Wireless Charging ထည့်သွင်းထားပါတယ်။

14T Pro မှာ 50MP Main , 50MP Zoom နဲ့ 12MP ကင်မရာ တပ်ဆင်ထားပါတယ်။

Xiaomi 14T မှာ 6.67” 2712x1220p 144Hz AMOLED Display တပ်ဆင်ထားပြီး 4,000 Nits Brightness ထောက်ပံ့ထားပါတယ်။ 5,000mAh Battery ပါလာပြီး 67W Wired Charging ထည့်သွင်းထားပေမယ့် ကြိုးမဲ့ အားသွင်းစနစ် မပါလာပါဘူး။ 50MP Main, 50MP Telephoto နဲ့ Ultrawide ကင်မရာ တပ်ဆင်ထားပါတယ်။

Xiaomi 14T and 14T are official with 144Hz displays, triple cameras

ဖုန်း ၂ လုံးစလုံးမှာ Advanced AI ၊ Google Gemini နဲ့ Circle to Search ပါတဲ့ HyperOS မောင်းနှင်ထားပါတယ်။

Xiaomi 14T အတွက် Titan Gray , Titan Blue , Titan Black နဲ့ Lemon Green အရောင်ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး အနေနဲ့ 14T 12/256GB ကို ၆၅၀ ယူရို သတ်မှတ်ထားပါတယ်။ Xiaomi 14T Pro အတွက် Titan Gray , Titan Blue နဲ့ Titan Black အရောင် ထုတ်လုပ်ထားပြီး 12/256GB ကို ၈၀၀ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena