Xiaomi က စွမ်းရည်မြင့် 15 Pro ကို ကြေညာလိုက်ပြီး အဆင့်မြင့် Feature တွေ ထည့်သွင်းထားပါတယ်။
Xiaomi 15 Pro မှာ 6.73” 2K OLED Curved Display တပ်ဆင်ထားပြီး 3200x1440p Resolution ပါလာပါတယ်။ Xiaomi 14 Pro ထက် စွမ်းအင် စားသုံးမှု ၂၄ ရာခိုင်နှုန်း ပိုနည်းလာပါတယ်။ LTPO Adaptive Refresh Rate ဟာ 1-120Hz အထိ ထောက်ပံ့ထားပါတယ်။ 300Hz Touch Sampling Rate နဲ့ 2560Hz Touch Sampling Rate ပါတဲ့အတွက် တုန့်ပြန်မှု အလွန် ကောင်းပါတယ်။ 3200 Nits Peak Brightness ထောက်ပံ့ထားပြီး Xiaomi Dragon Crystal Glass 2.0 ကြောင့် ပြုတ်ကျတဲ့ဒဏ်ကို ၂၅-၃၀ ရာခိုင်နှုန်း ပိုကောင်းစေပါတယ်။
Qualcomm Snapdragon 8 Elite မောင်းနှင်ထားပြီး Snapdragon 8 Gen 3 ထက် Single-core နဲ့ Multi-core စွမ်းရည် ၄၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ LPDDR5X RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပြီး ဒေတာ အမြန်နှုန်း ပိုကောင်းကာ Multitasking မြန်ဆန်ပါတယ်။ Xiaomi ရဲ့ နောက်ဆုံးထုတ် HyperOS 2 မောင်းနှင်ထားပြီး User Experience နဲ့ System Performance ပိုကောင်းလာပါတယ်။ စွမ်းအင် စီမံခန့်ခွဲမှုနဲ့ Battery သက်တမ်းပိုကောင်းလာပါတယ်။
ကင်မရာ အကြောင်းပြောရရင် Leica ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ 50MP Main , 50MP Ultrawide , 50MP Periscope Telephoto တို့ ဖြစ်ပါတယ်။ Periscope ကင်မရာက 5x Optical Zoom နဲ့ 10x Lossless Zoom ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်မှာ 32MP OmniVision OV32B40 Sensor တပ်ဆင်ထားပါတယ်။
6,100mAh Battery ပါလာပြီး 90W Wired, 50W Wireless Charging ထောက်ပံ့ထားပါတယ်။ ဂြိုလ်တု ဆက်သွယ်ရေး၊ ၊ Ultrasonic Fingerprint Sensor ၊ IP68 စံနှုန်းနဲ့ WiFi 7 ပါလာပါတယ်။ Spruce Green, Rock Grey နဲ့ White အရောင်ထုတ်လုပ်ထားပါတယ်။
တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၃၁ ရက်နေ့ ရောင်းချမှာပါ။ 12/256GB ကို ၇၄၂ ဒေါ်လာ၊ 16/512GB ကို ၈၁၂ ဒေါ်လာနဲ့ 16GB/1TB ကို ၉၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gizmochina