Xiaomi ဟာ 15 Series ဖုန်းတွေကို ဖန်တီးနေပြီ ဖြစ်ပါတယ်။ Xiaomi 14 နဲ့ 14 Pro ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကြေညာခဲ့ပြီး Xiaomi 15 Series ကိုလည်း ဒီနှစ် အဲဒီအချိန်လောက်မှာပဲ မိတ်ဆက်နိုင်ပါတယ်။ အခုတော့ Tipster Digital Chat Station (DCS) က Xiaomi 15 Series ရဲ့ Fingerprint Scanner အကြောင်း သတင်းပေးလာပါတယ်။

Xiaomi 15 Series မှာ Snapdragon 8 Gen 4 Chip ကို အသုံးပြုထားနိုင်ပါတယ်။ DCS က Xiaomi 15 Series မှာ Xiaomi 15 , 15 Pro နဲ့ 15 Ultra တို့ ပါလာနိုင်ပြီး Ultrasonic Fingerprint Recognition နည်းပညာကို ထည့်သွင်းစမ်းသပ်နေတယ်လို့ ပြောပါတယ်။ Xiaomi 14 Series မှာတော့ Optical Fingerprint နည်းပညာကို အသုံးပြုထားတာပါ။

Xiaomi 15 Pro, Ultra to get an ultrasonic fingerprint reader: report

Ultrasonic Fingerprint Recognition ဟာ လက်ချောင်းကို မျက်နှာပြင်အပေါ်တင်လိုက်ရင် မျက်နှာပြင်အောက်ကနေ Ultrasonic Waves တွေ ထုတ်လွှင့်ပါတယ်။ အဲဒီ Wave တွေဟာ လက်ဗွေရာရဲ့ တိကျတဲ့ 3D Image ကို တည်ဆောက်ပါတယ်။ အဲဒီအတွက် ပိုမို တိကျပြီး ပိုမို လုံခြုံတဲ့ စစ်ဆေးမှု ရစေပါတယ်။

Ultrasonic Fingerprint နည်းပညာဟာ Optical Fingerprint ထက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ထိုးဖောက်မှု အားကောင်းပြီး ရေနဲ့ ဖုန်မှုန့်တွေကို ခံနိုင်ပါတယ်။ တိကျမှု မြင့်မားပြီး လုံခြုံရေး ပိုကောင်းပါတယ်။

DCS က Xiaomi 15 Series ကို ဧပြီလလောက် စတင် စမ်းသပ် ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် အဲဒီအချိန်ကျမှ Ultrasonic Fingerprint ပါလာမလားဆိုတာ သေသေချာချာသိနိုင်မယ်လို့ ပြောပါတယ်။

Ref : gizmochina