တရုတ်က ထွက်လာတဲ့ သတင်းအရ Xiaomi 16 ဟာ Snapdragon 8 Elite 2 Chipset ပါတဲ့ ပထမဆုံးဖုန်း ဖြစ်လာမှာပါ။ တရုတ်မှာ အရင်ဆုံး ကြေညာမှာ ဖြစ်ပြီး နိုင်ငံတကာအတွက် နောက်ကျမှ မိတ်ဆက်နိုင်ပါတယ်။

Xiaomi 16 Leaks Hint at Massive Battery and Next-Gen Performance - Times  Bull

Xiaomi 16 ကို အောက်တိုဘာလမှာ ကြေညာခဲ့တဲ့ Xiaomi 15 ထက်စောစွာ စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ Qualcomm ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် Snapdragon 8 Elite 2 ကို စက်တင်ဘာလမှာပဲ မိတ်ဆက်နိုင်ပါတယ်။

Xiaomi 16 may feature a large battery, 6.3-inch display: All the details

Xiaomi 16 မှာ ကြီးမားတဲ့ 6,800mAh Battery ပါလာနိုင်ပြီး Xiaomi 15 ထက်ပိုကြီးတဲ့ Screen ထည့်သွင်းထားနိုင်ပါတယ်။ Battery အတွက် 100W Wired Charging ထည့်သွင်းထားနိုင်ပါတယ်။

အရင်သတင်းတွေအရ အဲဒီ အရွယ်အစားအတွင်း အကြီးမားဆုံး Battery နဲ့ အကောင်းဆုံး Screen ပါလာမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာ ၁ လုံး တပ်ဆင်ထားနိုင်ပြီး Periscope Telephoto ကင်မရာ ၁ လုံးလည်း ပါလာနိုင်ပါတယ်။

Ref : gsmarena