Xiaomi 17 ဖုန်းစီးရီးကို တရုတ်မှာ ပြီးခဲ့တဲ့လနှောင်းပိုင်းက မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီက ရောင်းအားစံချိန်တင်သွားပြီလို့ ပြောပါတယ်။
Xiaomi ရဲ့ ဥက္ကဌ Lu Weibing က Weibo မှာ ရောင်းအားအကြောင်း မျှဝေခဲ့ပါတယ်။ သူက Xiaomi 17 ဖုန်းစီးရီးဟာ မိတ်ဆက်ပြီးတဲ့နောက်မှာ ရောင်းအားအလုံးရေ ၁ သန်းကျော်အထိ ရရှိခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကုမ္ပဏီက China နိုင်ငံမှာ Xiaomi 17၊ 17 Pro နဲ့ 17 Pro Max တို့ကို ကြေညာခဲ့တာ တစ်ပတ်ပဲ ရှိပါသေးတယ်။
Weibing က Xiaomi 17 စီးရီးဟာ အရင်မျိုးဆက်တွေထက် အဲဒီစံချိန်ကို ပိုမြန်မြန်ဆန်ဆန် ရရှိခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ မြင့်တက်လာတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ ထုတ်လုပ်မှုတွေ တိုးမြှင့်နေပါတယ်။
Xiaomi 17 Pro နဲ့ 17 Pro Max မှာ ကျောဘက်မှာ ဒုတိယ display တစ်ခု ပါဝင်ပြီး Snapdragon 8 Elite Gen 5 SoC အသစ်ကို အသုံးပြုထားပါတယ်။ အဲဒီဖုန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ ကင်မရာတွေလည်း ပါဝင်ပြီး Pro Max မော်ဒယ်မှာဆိုရင် 7,500 mAh ဘက်ထရီအထိ ပါဝင်လာပါတယ်။
Xiaomi 17 မှာလည်း Snapdragon 8 Elite Gen 5 SoC ကို တပ်ဆင်ထားပါတယ်။ အဲဒီဖုန်းမှာ 7,000 mAh Si/C ဘက်ထရီ ပါဝင်ပြီး ကျောဘက်ကင်မရာ ၃ လုံးကို တပ်ဆင်ပေးထားပါတယ်။
Ref : gsmarena