Xiaomi ဟာ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ R&D ပွဲကြီးတစ်ခုမှာ AI နည်းပညာသုံး wearable ပစ္စည်းသစ်တွေကို အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားအောင် မိတ်ဆက်ပြသသွားခဲ့ပါတယ်။ အဲဒီထဲမှာမှ အားလုံးရဲ့အာရုံကို ဖမ်းစားနိုင်ဆုံးကတော့   Xiaomi AI Glasses   ပဲ ဖြစ်ပါတယ်။

ဒီမျက်မှန်ဟာ Ray-Ban Meta စမတ်မျက်မှန်ရဲ့ ဈေးကွက်ကို တိုက်ရိုက်ယှဉ်ပြိုင်ဖို့ ထုတ်လုပ်လိုက်တာဖြစ်ပြီး အသံနဲ့အဓိကထိန်းချုပ်ရတဲ့ လုပ်ဆောင်ချက်တွေ၊ အလန်းစား ရိုက်ကူးရေးစွမ်းရည်တွေ ပါဝင်လာပါတယ်။

Xiaomi Launches AI Glasses with Camera and 8-Hour Battery, Alongside OpenWear Stereo Pro Earbuds ~ My Mobile India

 Xiaomi AI Glasses ၏ ရင်ခုန်စရာ Feature များနှင့် အသေးစိတ်အချက်အလက်များ

Xiaomi ရဲ့ နောက်ဆုံးပေါ် စမတ်မျက်မှန်ဟာ သုံးစွဲသူကို လက်လုံးဝမပါဘဲ လွတ်လပ်စွာအသုံးပြုနိုင်အောင် ဖန်တီးထားပြီး၊ မြင်ကွင်း Screen မပါဘဲ အသံနဲ့ အဓိကအမိန့်ပေး ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ လက်နဲ့ ထိတွေ့ထိန်းချုပ်ချင်သူတွေအတွက်လည်း ညာဘက်မျက်မှန်ကိုင်းမှာ touch control နေရာတစ်ခုကို ထည့်သွင်းပေးထားပါသေးတယ်။

Xiaomi Launches AI Glasses with Camera and 8-Hour Battery, Alongside OpenWear Stereo Pro Earbuds ~ My Mobile India

ဗီဒီယိုရိုက်ကူးရေးနှင့် မှန်ဘီလူးနည်းပညာ 

ဒီမျက်မှန်ဟာ   2K (1440p) resolution   ရှိတဲ့ ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ အဓိကစွမ်းအားကတော့   12MP Sony IMX681 ကင်မရာ   ဖြစ်ပြီး ကိုယ်တိုင်မြင်နေရတဲ့ (first-person) အတိုင်း ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်ရုံသာမက၊ Live လွှင့်တာမျိုးတွေပါ လုပ်ဆောင်နိုင်မှာပါ။ ၄၀ ဂရမ်ပဲ အလေးချိန်ရှိတဲ့ ဒီမျက်မှန်ဘောင်ကို ကိုယ့်မျက်စိပါဝါအတိုင်း မှန်တပ်ဆင်နိုင်သလို၊ အလင်းအမှောင်လိုက်ပြီး အရောင်ပြောင်းပေးတဲ့ electrochromic မှန်တွေကိုလည်း ရွေးချယ်တပ်ဆင်နိုင်ပါတယ်။

အသံပိုင်းဆိုင်ရာနှင့် စွမ်းဆောင်ရည် 

အသံပိုင်းကို အထူးအလေးပေးထားပြီး၊  လေတိုးသံဆူညံမှုတွေကို လျှော့ချပေးတဲ့ မိုက်ခရိုဖုန်း ၅ လုံး ပါဝင်တာကြောင့် အသံကို ကြည်လင်ပြတ်သားစွာ ဖမ်းယူပေးနိုင်ပါတယ်။ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်ဖို့အတွက်လည်း speaker နှစ်လုံးကို တပ်ဆင်ပေးထားပါတယ်။ အတွင်းပိုင်းမှာတော့ Qualcomm ရဲ့   Snapdragon AR1 chipset   ကို အသုံးပြုထားပြီး Xiaomi ရဲ့ ကိုယ်ပိုင်   Vela OS   နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

ဘက်ထရီနဲ့ အားသွင်းစနစ် 

ဒီ AI မျက်မှန်မှာ 263mAh ဘက်ထရီပါဝင်ပြီး တစ်ခါအားအပြည့်သွင်းထားရုံနဲ့   ၈ နာရီနဲ့ ၃၆ မိနစ်အထိ   အသုံးခံနိုင်တယ်လို့ Xiaomi က အခိုင်အမာဆိုထားပါတယ်။ ဒီပမာဏဟာ ပြိုင်ဘက် Ray-Ban Meta ထက် နှစ်ဆပိုများတဲ့ အားအသုံးခံမှုဖြစ်ပါတယ်။ တခြားမျက်မှန်တွေနဲ့မတူတဲ့ ထူးခြားချက်တစ်ခုကတော့ အားသွင်းဖို့ သီးသန့်ဘူး (case) မလိုဘဲ၊ မျက်မှန်မှာ   USB-C ပေါက် တိုက်ရိုက်ပါဝင်လာတာကြောင့်   ကြိုက်တဲ့အားသွင်းခေါင်းနဲ့ တိုက်ရိုက်အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်း

Xiaomi AI မျက်မှန်   ကို   အနက်၊ အညို၊ နှင့် အစိမ်းရောင်   ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်မှာပါ။ တရုတ်နိုင်ငံတွင်း ဈေးနှုန်းကိုတော့   ယွမ် ၁,၉၉၉ (အမေရိကန်ဒေါ်လာ ၂၇၈ ခန့်)   လို့ သတ်မှတ်ထားပါတယ်။ ဒီ AI မျက်မှန်ကို တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွေမှာ ဖြန့်ချိမလားဆိုတာကိုတော့ Xiaomi က အသေးစိတ်ကြေညာခြင်း မရှိသေးပါဘူး။

Ref: gsmarena