Xiaomi ရဲ့ ကိုယ်ပိုင် Operating System ဖြစ်တဲ့ HyperOS ကို Xiaomi 14 Series နဲ့အတူ အောက်တိုဘာလ နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi 13 Series နဲ့ Redmi K60 Series တို့လို စမတ်ဖုန်းတွေအတွက် ပထမအသုတ် ကို ဖြန့်ချိပေးလိုက်ပါတယ်။ အခုတော့ Xiaomi က HyperOS Developer Version ကို တရုတ်မှာ ဒုတိယ အသုတ် ရမယ့် Device စာရင်းကို ကြေညာလိုက်ပြီး ဒီဇင်ဘာလအတွင်း ဖြန့်ချိပေးမှာပါ။

Impressive Redmi Note 12 will receive HyperOS 1.0 update, now HyperOS tests  started! - xiaomiui

HyperOS CN ROM Developer Version ကို နောက်လ ရမယ့် Device ၁၁ လုံးကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Xiaomi 12S Ultra
  • Xiaomi 12S Pro
  • Xiaomi 12S
  • Xiaomi 12 Pro
  • Xiaomi 12
  • Xiaomi 12 Pro Dimensity Edition
  • Redmi K50 Ultra
  • Redmi K50 Gaming Edition
  • Redmi K50 Pro
  • Redmi K50
  • Xiaomi Pad 5 Pro 12.4

Xiaomi 12S Ultra

အစောပိုင်း စာရင်းထဲမှာ Xiaomi 12S Series မပါလာတဲ့အတွက် Xiaomi China Community Forum မှာ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် Xiaomi ရဲ့ ပြောရေးဆိုခွင့်ရှိသူ Zhang GuoQuan က HyperOS ကို ဒုတိယ အသုတ်ရမယ့် Device စာရင်းမှာ Xiaomi 12S Series ဟာ ဦးစားပေး ဖြစ်တယ်လို့ တရုတ်လူမှုကွန်ရက် ဝီဘိုမှာ ကြေညာလိုက်ပါတယ်။

Xiaomi China Community က ကြေညာချက်ထဲမှာ Xiaomi 12S Device တွေကို ထည့်သွင်းပေးလိုက်ပါတယ်။

Ref : gizmochina