Xiaomi ကနေ တရုတ်နိုင်ငံမှာပြုလုပ်ဖို့ရှိနေတဲ့ 618 Sale မတိုင်ခင်မှာ 65W USB-C PD Charger အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ 65W USB-C PD Charger ဟာ စမတ်ဖုန်းတွေအပြင် Tablet တွေ၊ Laptop တွေကိုပါ အားသွင်းပေးနိုင်မှာပါ။
Design ပိုင်းအနေနဲ့ကတော့ အဖြူရောင်ကိုပဲ ရွေးချယ်နိုင်မှာဖြစ်ပြီး Xiaomi Laptop တွေမှာပါဝင်တဲ့ USB-C Charger တွေနဲ့တူညီမှာဖြစ်ပါတယ်။ Port တွေအနေနဲ့ကတော့ USB-C Port တစ်ခုနဲ့ Foldable Design ပြုလုပ်ထားတဲ့ Socket Pin ပါဝင်မယ်လို့ သိရပါတယ်။
Xiaomi ရဲ့ ပြောကြားချက်အရတော့ Over-voltage Protection ၊ I/O Over-current နဲ့ Short Circuit လိုမျိုး လုံခြုံရေး Feature တွေပါဝင်မှာဖြစ်ပြီး တခြားသော Low Ripple ၊ Low Electromagnetic Interference နဲ့ Static Resistance လိုမျိုး Feature တွေပါ ပါဝင်မှာဖြစ်ပါတယ်။
အဆိုပါ 65W USB-C PD Charger ဟာ MacBook Pro 13″ ကို ၁ နာရီ မိနစ် ၅၀ နဲ့ Macbook Pro 15″ ကို ၂ နာရီ ၂၅ မိနစ်အတွင်းအားအပြည့်သွင်းပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Xiaomi Mi 10 Pro လိုမျိုးဖုန်းဆိုရင်တော့ ၁ နာရီ မိနစ် ၅၀ ခန့်အားသွင်းရမယ်လို့ သိရပါတယ်။
စျေးနှုန်းအနေနဲ့ကတော့ Xiaomi ကနေ ဒီ 65W USB-C PD Charger ကို 99 Yuan (မြန်မာငွေ ၁ သောင်း ၉ ထောင်ဝန်းကျင်) ပဲသတ်မှတ်ထားတဲ့အတွက် 65W Charger တွေထဲမှာ စျေးအသက်သာဆုံးလို့တောင် ပြောနိုင်ပါတယ်။
Ref – Gizmo China