Xiaomi ကနေ အခုနှစ်အစောပိုင်းမှာ Flagship Series ဖုန်းတွေဖြစ်တဲ့ Mi 10 နဲ့ Mi 10 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာလည်း Xiaomi ကနေ Mi 10 Pro Plus ဆိုပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ Flagship ဖုန်းကို မိတ်ဆက်လာဦးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ Special Virtual Event ကိုပြုလုပ်သွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ Event မှာ CEO Lei Jun ကနေ Xiaomi ရဲ့ အတိတ်၊ လက်ရှိအခြေအနေနဲ့ အနာဂါတ်အစီအစဥ်တွေကို ပြောကြားသွားပြီး Device အသစ်တွေကိုပါ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကလည်း Weibo စာမျက်နှာမှာ ပုံမှန် Product အသစ်တွေအပြင် စမတ်ဖုန်းအသစ်တွေကိုလည်း မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် Mi 10 Pro Plus ဖုန်းကို အဆိုပါ Event မှာ မြင်တွေ့ရဖို့က ကျိန်းသေသလောက်ဖြစ်နေပါတယ်။

Xiaomi Mi 10 Pro Plus စမတ်ဖုန်းဟာ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Camera ပိုင်းမှာလည်း Telephoto နဲ့ Macro Sensor ပိုင်းတွေကို ပိုပြီး အာရုံစိုက်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း တခြား ဘယ်လိုမျိုး စမတ်ဖုန်းတွေပါ မြင်တွေ့ရမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China