Xiaomi က တရုတ်မှာ စွမ်းရည်မြင့် Mi 11 နဲ့အတူ MIUI 12 ရဲ့ မျိုးဆက်သစ် MIUI 12.5 ကို ကြေညာလိုက်ပါတယ်။ MIUI 12.5 မှာ Privacy အရမ်း ပိုကောင်းလာသလို App Handling စွမ်းရည် မြင့်မားလာပါတယ်။ ဒါ့အပြင် Windows ကွန်ပြူတာတွေနဲ့ ချိတ်ဆက်သုံးရတာ ပိုကောင်းလာပါတယ်။

Xiaomi announces all-new MIUI 12.5 that is quicker, safer and prettier than any predecessor

MIUI 12.5 ဟာ Visual ဒီဇိုင်း အပိုင်းမှာ ပိုကောင်းလာပြီး Xiaomi က iOS Interface နဲ့ နှိုင်းယှဉ်ပြခဲ့ကာ Transition Effects တွေဟာ အရမ်း တူတယ်လို့ ပြောပါတယ်။ Xiaomi က Apple , Huawei , OPPO , Vivo နဲ့ Meizu တို့ထက် System Apps တွေ နည်းတယ်လို့ ရှင်းပြပါတယ်။

Xiaomi announces all-new MIUI 12.5 that is quicker, safer and prettier than any predecessor

Core Structure ကို ပြန်ပြင်ရေးထားတဲ့အတွက် MIUI 12.5 ဟာ မန်မိုရီ အပိုင်းမှာ ၂၀ ရာခိုင်နှုန်း၊ စွမ်းအင် စားသုံးမှု အပိုင်းမှာ ၂၅ ရာခိုင်နှုန်းနဲ့ နောက်ကွယ်က မန်မိုရီ စားသုံးမှုမှာ ၃၅ ရာခိုင်နှုန်း ပိုနည်းသွားပါတယ်။ အသုံးဝင်တဲ့ App တွေပဲ ထည့်သွင်းထားပြီး မလိုအပ်တဲ့ App တွေ ဖယ်ရှားထားပါတယ်။

Xiaomi announces all-new MIUI 12.5 that is quicker, safer and prettier than any predecessor

MIUI 11 နဲ့ 12 မှာလိုပဲ Dynamic Wallpaper အသစ်တွေ ထည့်သွင်းထားပြီး တရုတ် နိုင်ငံ စီချွမ်က ညီအစ်မ လေးဖော် တောင်ထိပ် Wallpaper လည်း ပါလာပါတယ်။ သင်နေထိုင်ရာ ဒေသရဲ့ တကယ့် ရာသီဥတုကို အခြေခံထားတဲ့ Wallpaper တွေ ခံစားနိုင်မှာပါ။ ကမ္ဘာအဝန်းက အထင်ကရ တည်နေရာတွေကို အခြေခံ ဖန်တီးထားတဲ့ အသံနဲ့ ရှုခင်းတွေ ပါလာပါတယ်။

Xiaomi announces all-new MIUI 12.5 that is quicker, safer and prettier than any predecessor

လုံခြုံရေး အကြောင်း ပြောရရင် MIUI 12.5 မှာ App တွေ သင့် တည်နေရာ ၊ ကိုယ်ရေးကိုယ်တာ ဒေတာနဲ့ Clipboard သုံးတာကို ပိတ်ပင်ထားပြီး သင့် Passwords နဲ့ တခြား အရေးကြီး ဒေတာတွေကို သိမ်းထားမှာ မဟုတ်ပါဘူး။  တရုတ်မှာ ဖုန်းများစွာအတွက် ပထမဆုံး MIUI 12.5 Closed Beta ကို ဖြန့်ချိပေးလိုက်ပါပြီ။

Ref : gsmarena