Xiaomi က ဇူလိုင်လ ၄ ရက်နေ့မှာ Xiaomi 12S စမတ်ဖုန်း စီးရီးကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် အဲဒီပွဲမှာ စမတ်ဖုန်းတွေကိုပဲချပြမှာ မဟုတ်ပါဘူး။ Xiaomi Band 7 Pro နဲ့ Xiaomi Book Pro 2022 ကိုပါ အဲဒီပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။

Band 7 Pro အတွက် အနက်နဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပြီး ရိုးရိုး Smart Band 7 ထက် ပိုမို ကြီးမားတဲ့ မျက်နှာပြင် ပါလာမှာပါ။ လုပ်ဆောင်ချက်တွေအကြောင်း ပြောရရင် ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို တိုင်းတာတွက်ချက်တာတွေ ပါလာမှာ ဖြစ်ပေမယ့် Xiaomi က အဲဒီ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးပါဘူး။

Xiaomi Book Pro 2022 ဟာ ပါးလွှာ ပေါ့ပါးတဲ့ Notebook ဖြစ်ပြီး ၁၄ လက်မ  4K မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Xiaomi က အဲဒီ လက်ပ်တော့ရဲ့ ဘေးဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေထားပြီး သတ္တု ကိုယ်ထည်ကို မြင်ရပါတယ်။ USB-C Connector နဲ့ နားကြပ်ပေါက်တွေ တပ်ဆင်ထားပါတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Xiaomi Band 7 Pro နဲ့ Book Pro တို့ရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena