Xiaomi Sound Move Speaker

Xiaomi က Sound Move အမည်ရ Smart Speaker ၁ လုံးကို ကြေညာလိုက်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Bluetooth 5.3 , LHDC Codec Support နဲ့ IP66 စံနှုန်း ထည့်သွင်းထားပါတယ်။

ဘေးဘက်မှာ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်တဲ့ ခလုတ် အပါအဝင် ထိတွေ့ထိန်းချုပ်ခလုတ်များစွာ တပ်ဆင်ထားပါတယ်။

Xiaomi Sound Move speakerXiaomi Sound Move speaker

7.5W Drivers ၂ ခုနဲ့ Passive Radiators ၂ ခု ပါလာပြီး Harman Kardon က Tuning လုပ်ပေးထားပါတယ်။ 4,150mAh Battery ရဲ့ သက်တမ်းက ၂၁ နာရီ သီချင်းနားထောင်လို့ရပြီး Xiaomi Sound Move ကို ၆၉၉ ယွမ် (၁၀၂ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Xiaomi 86-inch Mini LED Smart TV

Xiaomi ရဲ့ 86 inch Mini LED Smart TV မှာ 4K Resolution ထောက်ပံ့ထားပြီး 144Hz Refresh Rate နဲ့ 2,000 nits Peak Brightness ထောက်ပံ့ထားပါတယ်။ Xiaomi ကိုယ်တိုင်ထုတ်တဲ့ Image Quality Engine ပါလာပြီး TV မှာ Content မျိုးစုံကို အရည်အသွေးမြင့်မားစေပါတယ်။

Xiaomi 86-inch Mini LED smart TVXiaomi 86-inch Mini LED smart TV

TV မှာ Cortex A73 CPU နဲ့ Mali-G52 GPU တပ်ဆင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ 70W Speaker Assembly နဲ့ HMDI 2.1 Port ၃ ခု တပ်ဆင်ထားပြီး MIUI TV Software မောင်းနှင်ထားပါတယ်။

၁၅,၉၉၉ ယွမ် ( ၂,၃၂၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gsmarena