[Unicode]

Xiaomi ကို အိန္ဒိယမှာ သာမက ဥရောပမှာပါ လူကြိုက်များနေပါတယ်။ Xiaomi International ရဲ့ ဥက္ကဌ ဖြစ်သူ Shou Zi Chew က Xiaomi ဟာ အနောက်ဥရောပမှာ ၂၀၁၉ ခုနှစ် အတွင်း နံပါတ် ၄ အကြီးမားဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာတယ်လို့ ကြေညာလိုက်ပါတယ်။ အရင်နှစ်ကထက် ကုမ္ပဏီရဲ့  ဈေးကွက်ဝေစုဟာ ၉၀ ရာခိုင်နှုန်း တိုးတက်လာတာက အရမ်းကို အထင်ကြီးစရာ ကောင်းပါတယ်။

၂၀၁၉ ခုနှစ်ရဲ့  ပထမ ကွာတား ၃ ခုဖြစ်တဲ့ ဇန်နဝါရီလ ကနေ စက်တင်ဘာလအတွင်းမှာ Xiaomi ဟာ ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယမ်ရခဲ့ပါတယ်။ အဲဒီဝင်ငွေတွေရဲ့ ထက်ဝက်ဟာ တရုတ် ပြင်ပက ရတာ ဖြစ်တဲ့အတွက် Xiaomi ဟာ ကမ္ဘာ့ အထင်ကရ ကုမ္ပဏီ ၁ ခုဖြစ်လာပြီဆိုတာ သက်သေပြနေတာဖြစ်ပါတယ်။ Xiaomi ဟာ ၂၀၂၀ ခုနှစ်မှာ 5G စမတ်ဖုန်း ၁၀ လုံးကျော် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး အဲဒီထဲက အများစုကို ကမ္ဘာ အဝန်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။ Xiaomi ရဲ့ ထုံးစံအတိုင်း 5G ဆက်သွယ်မှု ပါပေမယ့် ဈေးချိုသာမှာ ဖြစ်ပါတယ်။

Xiaomi ဟာ စမတ်ဖုန်း အပြင် တခြား ကုန်ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ စမတ်တီဗီ၊ စမတ် လေအေးပေးစက်၊ ဖုန်စုပ်စက်၊ Streaming Box လို နေအိမ်သုံး ပစ္စည်းတွေ သာမကဘဲ Scooters လို နေအိမ်ပြင်ပသုံး ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ Xiaomi ရဲ့ မိခင် နိုင်ငံ တရုတ်မှာ ရေသန့်ဘူးပါ ရောင်းနေတာက တော်တော်ကို စီးပွားရေး သောင်းကျန်းတယ်လို့ ဆိုရမှာပါ။ Shou က Xiaomi ရဲ့  Scooters တွေဟာ အနောက် ဥရောပမှာ ဈေးကွက်ဝေစု ၁၇ ရာခိုင်နှုန်း ရထားတယ်လို့ ပြောပါတယ်။

Ref : gsmarena

[Zawgyi]

အေနာက္ဥေရာပမွာ ၂၀၁၉ အတြင္း စတုတၳ အႀကီးမားဆုံး စမတ္ဖုန္း ထုတ္လုပ္သူ ျဖစ္လာတဲ့ Xiaomi

Xiaomi ကို အိႏၵိယမွာ သာမက ဥေရာပမွာပါ လူႀကိဳက္မ်ားေနပါတယ္။ Xiaomi International ရဲ႕ ဥကၠဌ ျဖစ္သူ Shou Zi Chew က Xiaomi ဟာ အေနာက္ဥေရာပမွာ ၂၀၁၉ ခုႏွစ္ အတြင္း နံပါတ္ ၄ အႀကီးမားဆုံး စမတ္ဖုန္း ထုတ္လုပ္သူ ျဖစ္လာတယ္လို႔ ေၾကညာလိုက္ပါတယ္။ အရင္ႏွစ္ကထက္ ကုမၸဏီရဲ႕ ေဈးကြက္ေဝစုဟာ ၉၀ ရာခိုင္ႏႈန္း တိုးတက္လာတာက အရမ္းကို အထင္ႀကီးစရာ ေကာင္းပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ ပထမ ကြာတား ၃ ခုျဖစ္တဲ့ ဇန္နဝါရီလ ကေန စက္တင္ဘာလအတြင္းမွာ Xiaomi ဟာ ဝင္ေငြ ေဒၚလာ ၁၀ ဘီလီယမ္ရခဲ့ပါတယ္။ အဲဒီဝင္ေငြေတြရဲ႕ ထက္ဝက္ဟာ တ႐ုတ္ ျပင္ပက ရတာ ျဖစ္တဲ့အတြက္ Xiaomi ဟာ ကမာၻ႔ အထင္ကရ ကုမၸဏီ ၁ ခုျဖစ္လာၿပီဆိုတာ သက္ေသျပေနတာျဖစ္ပါတယ္။ Xiaomi ဟာ ၂၀၂၀ ခုႏွစ္မွာ 5G စမတ္ဖုန္း ၁၀ လုံးေက်ာ္ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ၿပီး အဲဒီထဲက အမ်ားစုကို ကမာၻ အဝန္းမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ Xiaomi ရဲ႕ ထုံးစံအတိုင္း 5G ဆက္သြယ္မႈ ပါေပမယ့္ ေဈးခ်ိဳသာမွာ ျဖစ္ပါတယ္။

Xiaomi ဟာ စမတ္ဖုန္း အျပင္ တျခား ကုန္ပစၥည္းေတြကိုပါ ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ စမတ္တီဗီ၊ စမတ္ ေလေအးေပးစက္၊ ဖုန္စုပ္စက္၊ Streaming Box လို ေနအိမ္သုံး ပစၥည္းေတြ သာမကဘဲ Scooters လို ေနအိမ္ျပင္ပသုံး ထုတ္ကုန္ေတြကိုပါ ထုတ္လုပ္ေရာင္းခ်ေနပါတယ္။ Xiaomi ရဲ႕ မိခင္ ႏိုင္ငံ တ႐ုတ္မွာ ေရသန႔္ဘူးပါ ေရာင္းေနတာက ေတာ္ေတာ္ကို စီးပြားေရး ေသာင္းက်န္းတယ္လို႔ ဆိုရမွာပါ။ Shou က Xiaomi ရဲ႕ Scooters ေတြဟာ အေနာက္ ဥေရာပမွာ ေဈးကြက္ေဝစု ၁၇ ရာခိုင္ႏႈန္း ရထားတယ္လို႔ ေျပာပါတယ္။

Ref : gsmarena