Xiaomi က HyperOS မှာ DeepSeek AI ကို ထည့်ပေးလိုက်ပြီး AI နယ်ပယ်ထဲမှာ အပြိုင်ကြဲတော့မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ DeepSeek ကို အသုံးပြုပြီး စာရေးသားတာ၊ ကုဒ် ထုတ်လုပ်တာနဲ့ ပြဿနာ ဖြေရှင်းတာတွေကို ပြုလုပ်နိုင်ပါတယ်။ Xiaomi ဟာ DeepSeek R1 ကို Super XiaoAI Assistant ထဲမှာ စမ်းသပ်နေတယ်လို့ သိရပါတယ်။ အဲဒီ AI ဟာ အလုပ်တွေကို အလိုအလျှောက် လုပ်ဆောင်တာနဲ့ စမတ်ကျတဲ့ အဖြေတွေကို ပေးရာမှာ ပိုကောင်းပါတယ်။

HyperOS DeepSeek

အစောပိုင်း စမ်းသပ်ချက်တွေအရ HyperOS 2 ရထားတဲ့ User တွေဟာ AI Feature တွေကို အသုံးပြုနိုင်ပါတယ်။ “Open Deep Thinking” သို့မဟုတ် “Open DeepSeek” စတဲ့ Voice Command တွေ သုံးလိုက်တာနဲ့ Super XiaoAI ကို ဆင့်ခေါ်နိုင်ပါတယ်။

DeepSeek AI နဲ့ ဆိုရင် Xiaomi ဟာ AI လောကမှာ နာမည်ကြီးတွေ ဖြစ်တဲ့ OpenAI ChatGPT, Google Gemini နဲ့ Huawei Pangu AI တို့ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

Xiaomi က DeepSeek AI ပါတဲ့ Super XiaoAI ကို ရရှိမယ့် Device ၂၅ ခုကျော်ကို အတည်ပြုထားပြီး အောက်ပါ Device တွေ ပါဝင်ပါတယ်။

 

  • Premium FlagshipsXiaomi 15 Pro, Xiaomi 15, Xiaomi 14 Ultra
  • Professional Line: Xiaomi 14 Pro Titanium Edition, Xiaomi 14 Pro, Xiaomi 14
  • Redmi SeriesRedmi K80 Pro, Redmi K80, Redmi K70 series
  • FoldableXiaomi MIX Fold 4, MIX Flip
  • Tablets: Xiaomi Pad 7 Pro, Pad 7, Pad 6S Pro 12.4

Ref: Gizchina