Xiaomi က အိန္ဒိယမှာ ထုတ်ကုန်အသစ်တွေကို ကြေညာလိုက်ပါတယ်။ Mi 10 စမတ်ဖုန်း , Mi True Wireless Earphones 2 နဲ့ Mi Box 4K (Android TV) တို့ကို အဲဒီမှာ ရောင်းချပေးလိုက်ပါတယ်။ Xiaomi Mi 10 မှာ Snapdragon 865 Chipset နဲ့ 8GB RAM ပါလာပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ရူပီး ၄၉,၉၉၉ နဲ့ ၅၄,၉၉၉ အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၂ သောင်းနဲ့ ၁၀ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။  လက်ရှိမှာ Mi 10 Pro ကို အိန္ဒိယမှာ ရောင်းချမှာ မဟုတ်ပါဘူး။ ရိုးရိုး Mi 10 ကိုပဲ ရောင်းမှာ ဖြစ်ပြီး 108MP Main , 13MP Ultrawide , Macro နဲ့ Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

Mi Box 4K မှာ AndroidTV 9.0 မောင်းနှင်ထားပြီး 60fps 4K Video တွေ ဖမ်းယူပေးနိုင်ပါတယ်။ 2GHz Quad-core CPU မောင်းနှင်ထားပြီး 2GB RAM နဲ့ 8GB eMMC Flash Storage ပါပါတယ်။ Remote မှာ Netflix နဲ့ Amazon Prime တို့ကို မြန်မြန် ကြည့်နိုင်သလို Google Assistant ကို ဆင့်ခေါ်နိုင်တဲ့ Shortcut Buttons တွေ တပ်ဆင်ထားပါတယ်။ WiFi 802.11ac နဲ့ Bluetooth 4.2 ထောက်ပံ့ထားပါတယ်။ ၃,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၆ သောင်းခွဲလောက် ရှိပါတယ်။ မေလ ၁၀ ရက်နေ့မှာ Xiaomi ရဲ့ အွန်လိုင်း စတိုးတွေကနေ ရောင်းမှာပါ။

Mi True Wireless Earphones 2 က အသစ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဧပြီလမှာ ကြေညာခဲ့တဲ့ Mi Air 2S TWS Earbuds ဖြစ်ပါတယ်။ Xiaomi က 14.2mm Drivers , Touch Controls နဲ့ Noise Cancellation အတွက် Dual Microphones ထည့်ထားပါတယ်။ ၄,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၈ သောင်းလောက် ကျသင့်မှာပါ။ မေလ ၁၂ ရက်နေ့မှာ Amazon နဲ့ mi.com ကနေ ရောင်းမှာ ဖြစ်ပါတယ်။

Ref : gsmarena