Xiaomi က တရုတ်မှာ Buds 4 TWS နားကြပ် ကို ကြေညာလိုက်ပြီး ဩဂုတ်လက မိတ်ဆက်ခဲ့တဲ့ Buds 4 Pro ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပါတယ်။ Xiaomi Buds 4 ဟာ AirPods လို နားထဲ တစ်ဝက်တစ်ပျက် ဝတ်ဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး ဆီလီကွန် ထိပ်ဖူး မပါဘဲ IP54 ရေစိုခံ စံနှုန်း ပါပါတယ်။ နားကြပ်ရဲ့ Stem ကို ထိတွေ့ကာ အလုပ်တွေ ခိုင်းနိုင်ပါတယ်။

Xiaomi Buds 4 မှာ Graphene-dual Magnetic Dynamic Driver ထည့်သွင်းထားပြီး ဉာဏ်ရည်မြင့် Active Noise Cancellation ပါပါတယ်။ ၃၆၀ ဒီဂရီ Spatial Audio နဲ့ Transparency Mode ထည့်သွင်းထားပြီး Hi-Res Audio Wireless Certification နဲ့ CD-level အသံအရည်အသွေးအတွက် LHDC 5.0 ပါလာပါတယ်။ ဖုန်းပြောရင် အသံကြည်လင်စေဖို့ Noise ကို လျှော့ချပေးတဲ့ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပြီး လေသံတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Exclusive] Xiaomi Watch S2, Buds 4 prices revealed ahead of December 1st launch

Xiaomi Buds 4 မှာ ဘဲဥပုံသဏ္ဍာန် Charging Case ပါလာပါတယ်။ Dual-tone ဒီဇိုင်းဖြစ်ပြီး အပေါ်ပိုင်းက တောက်ပြောင်ကာ အောက်ပိုင်းက ပလတ်စတစ် ဒီဇိုင်း ဖြစ်ပါတယ်။ နားကြပ် ၁ ခုစီမှာ 30mAh ဘက်ထရီနဲ့ Charging Case မှာ 480mAh ဘက်ထရီ ထည့်သွင်းထားပြီး သီချင်း ၆ နာရီ နားထောင်နိုင်ကာ စုစုပေါင်း ဘက်ထရီ သက်တမ်းက နာရီ ၃၀ ဖြစ်ပါတယ်။ နားကြပ်ကို Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါတယ်။

Xiaomi Buds 4 ကို ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး Moon Shadow, Salt Lake White နဲ့ Field Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ စတင် ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina