Xiaomi က တရုတ်မှာ Mi 10 ကို မကြာခင်က ရောင်းပေးခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပစ္စည်း ပြတ်လပ်မှုတွေ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယမှာတော့ ဒီလို ပြဿနာ မရှိဘူးလို့ Xiaomi India ရဲ့ Chief Operating Officer ဖြစ်သူ Muralikrishnan C က ပြောပါတယ်။ သူက ဒီလို ပြောပေမယ့်လည်း ဗိုင်းရက်စ်ကြောင့် စမတ်တီဗီထုတ်လုပ်ဖို့ ပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။

Xiaomi India ရဲ့ COO က ကုမ္ပဏီရဲ့ ကုန်ကြမ်း ထောက်ပံ့ရေး အဖွဲ့နဲ့ မိတ်ဖက် ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုကောင်းတာကြောင့် ဘာပြဿနာမှ မရှိဘူးလို့ IANS ကို ပြောပါတယ်။ အိန္ဒိယဟာ Xiaomi ရဲ့ အဓိက ဈေးကွက်ဆိုတာ ပြောစရာတောင် မလိုပါဘူး။ Xiaomi ဟာ အဲဒီမှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖုန်း ကုမ္ပဏီ ဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရက်စ်ကြောင့် လုပ်ငန်းထိခိုက်မလားဆိုတာ စိတ်ပူစရာပါ။

စမတ်ဖုန်း ထုတ်လုပ်မှုနဲ့ ရောင်းအားဟာ တရုတ်မှာ အရမ်း ထိခိုက်နေပေမယ့် အိန္ဒိယမှာ ခုထိ ဒီလို မဖြစ်သေးပါဘူး။ ဒါ့အပြင် Xiaomi ဟာ အိန္ဒိယမှာ စမတ်ဖုန်း အသစ်တွေ ဆက်လက်ရောင်းချနေမှာ ဖြစ်ပေမယ့် စမတ်တီဗီတွေကတော့ ပြဿနာရှိနိုင်ပါတယ်။ အဲဒီမှာ Xiaomi ရဲ့ စမတ်ဖုန်း စက်ရုံ ရှိပေမယ့် တီဗီ အစိတ်အပိုင်းတွေကို နိုင်ငံခြားက တင်သွင်းရတာပါ။ ဗိုင်းရက်စ်ကြောင့် ပစ္စည်းတင်သွင်းတာ အရင်ကထက် နှောင့်နှေးနေပါတယ်။

Xiaomi ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အိန္ဒိယမှာ Redmi Note 9 Pro Series ကို ကြေညာခဲ့ပြီး မကြာခင်မှာ Mi 10 နဲ့ Mi 10 Pro တို့ကို ရောင်းတော့မှာပါ။

Ref : gizchina