Xiaomi CEO Lei Jun က သူ လက်ရှိ သုံးနေတဲ့ စမတ်ဖုန်း ၄ လုံးရှိတယ်လို့ ဝီဘိုမှာ ကြေညာလိုက်တဲ့အတွက် လူတော်တော်များများ အံ့အားသင့်သွားကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူ ကိုင်ထားတဲ့ စမတ်ဖုန်းတွေကို လူတွေ စိတ်ဝင်စားလာကြပါတယ်။ သူ မျှဝေထားတဲ့ ဓါတ်ပုံအရ သူကိုင်ထားတဲ့ စမတ်ဖုန်းတွေက Xiaomi 12, Xiaomi Mi 11 Ultra, Redmi Note 11T Pro နဲ့ Xiaomi Civi တို့ ဖြစ်ကြပါတယ်။

Lei Jun Xiaomi CEO

အဲဒီအထဲမှာ Mi 11 Ultra ရဲ့ အရွယ်ကြီး အနောက်ကင်မရာ ဒီဇိုင်းက အရမ်းကို စွဲဆောင်မှု ရှိပြီး ရုပ်ထွက် စွမ်းဆောင်ရည်လည်း ကောင်းမွန်ပါတယ်။ Xiaomi 12 Ultra မှာလည်း အလားတူ အရွယ်ကြီး ကင်မရာ ဒီဇိုင်းကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Lei Jun

Xiaomi ဟာ 12 Ultra ကို ပြည့်စုံကောင်းမွန်အောင် ဖန်တီးနေတဲ့အတွက် ကြေညာဖို့ နောက်ကျနေတာပါ။ အဲဒီ ဖုန်းအတွက် အရောင် ၃ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Black , White နဲ့ Marble တို့ ဖြစ်ပါတယ်။ ပေါက်ကြားနေတဲ့သတင်းအရ အောက်ပါ ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်ပါတယ်။

  • 8GB + 256GB – 5999 yuan ($885) (၁,၆၃၀,၀၀၀ ကျပ်ဝန်းကျင်)
  • 12GB + 256GB – 6499 yuan ($959) (၁,၇၇၀,၀၀၀ ကျပ်ဝန်းကျင်)
  • 12GB + 512GB – 6799 yuan ($1,003) (၁,၈၅၀,၀၀၀ ကျပ်ဝန်းကျင်)
  • 16GB + 512GB – 7299 yuan ($1,077) (၁,၉၉၀,၀၀၀ ကျပ်ဝန်းကျင်)

Xiaomi 12 Ultra မှာ ၆.၇၃ လက်မ 2K 120Hz OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး SD8 Gen1+ SoC မောင်းနှင်ထားမှာပါ။ အရှေ့ ကင်မရာနဲ့ ပတ်သက်ပြီး သတင်း ၂ မျိုးထွက်နေကာ တချို့က 48MP နဲ့ တချို့က 32MP လို့ ပြောနေကြပါတယ်။ 120W Wired / 50W Wireless Charging ထောက်ပံ့တဲ့ 4,900mAh ဘက်ထရီ ပါလာမှာပါ။

Ref : gizchina