Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Xiaomi Civi စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Xiaomi Civi ဖုန်းရဲ့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Xiaomi Civi 1S ကို မကြာခင်မှာ မိတ်ဆက်သွားတော့မှာတော့ဖြစ်ပါတယ်။

Xiaomi Civi 1S ရဲ့ ဓါတ်ပုံတွေနဲ့အတူ Xiaomi ကနေ Teaser အနေနဲ့ ဖော်ပြပေးခဲ့တာဖြစ်ပြီး အဆိုပါ ဓါတ်ပုံတွေအရ အရောင်အနေနဲ့ White နဲ့ Purple ဆိုပြီး ၂ မျိုးပါဝင်မှာဖြစ်ပါတယ်။ Design ပိုင်းအနေနဲ့ကတော့ မနှစ်တုန်းက မိတ်ဆက်ထားတဲ့ Xiaomi Civi ဖုန်းနဲ့ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့်လည်း Xiaomi Civi 1S စမတ်ဖုန်းဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမွန်တဲ့ Qualcomm Snapdragon 778G+ Chipset နဲ့ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။ ကျန်တဲ့ Hardware ပိုင်းပြောင်းလဲမှုတွေကိုတော့ အတိအကျမသိရသေးပါဘူး။

Charging ပိုင်းမှာလည်း Xiaomi Civi 1S ဖုန်းဟာ မနှစ်တုန်းက Xiaomi Civi ဖုန်းရဲ့ 55W Fast Charging ထက်ပိုပြီး မြန်ဆန်တဲ့ 67W Fast Charging ကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် တရားဝင်မိတ်ဆက်တဲ့အချိန်ကြရင်တော့ Xiaomi ကနေ ဘယ်လိုမျိုး Feature အသစ်တွေကိုထည့်သွင်းထားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena