Xiaomi ဟာ ယခုလအတွင်းမှာ တရုတ်နိုင်ငံစျေးကွက်အတွက် စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းအသစ်ကတော့ Xiaomi Civi 2 ဖြစ်ပြီး ယခင်နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Civi ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမှာပါ။

Xiaomi Civi 2 စမတ်ဖုန်းကို ယခုလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး အဓိကအားသာချက်အနေနဲ့ကတော့ Qualcomm Snapdragon 7 Gen 1 Chipset အသစ်ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် ယခင်နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Xiaomi Civi ဖုန်းမှာ အသုံးပြုထားတဲ့ Snapdragon 778G နဲ့ နှိုင်းယှဥ်မယ်ဆိုရင် သိသိသာသာပိုစွမ်းဆောင်ရည်ကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

ကျန်တဲ့ Specs တွေအနေနဲ့ကတော့ XIaomi Civi 2 စမတ်ဖုန်းဟာ 6.56″ OLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 120Hz Display ပါဝင်မှာဖြစ်ပါတယ်။ Snapdragon 7 Gen 1 Chipset အပြင် အမြင့်ဆုံး RAM 12GB နှင့် 256GB UFS 3.1 Storage တွေလည်းပါဝင်ဦးမှာပါ။

Camera ပိုင်းမှာတော့ 50MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာတော့ 67W Fast Charging ကို ထောက်ပံ့ပေးထားတဲ့ 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena