Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက ပထမဆုံးသော Civi စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Xiaomi Civi စမတ်ဖုန်းဟာ တခြား Xiaomi ဖုန်းတွေလိုမျိုး ထူးခြားတဲ့ Feature တွေပါဝင်ခြင်းမရှိတဲ့ Mid Range ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပြီး တရုတ်နိုင်ငံတွင်းမှာပဲ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ Xiaomi Civi စမတ်ဖုန်းမှာ 120Hz OLED Display ၊ 55W Fast Charging နဲ့ 64MP Triple Camera Setup တွေပါဝင်တာကြောင့် အားနည်းချက်ကြီးကြီးမားမားလည်း မရှိနေခဲ့ဘူးလို့ ပြောနိုင်ပါတယ်။ အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ Xiaomi Civi ဟာ 2nd Generation အနေနဲ့ ထပ်မံထွက်ရှိလာတော့မှာဖြစ်ပါတယ်။

ယခု မိတ်ဆက်ဖို့ရှိနေတဲ့ Xiaomi Civi ဖုန်းမှာ အဓိကပြောင်းလဲချက်ကတော့ Performance ပိုင်းပဲဖြစ်ပြီး Qualcomm ကနေ တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့ Chipset အသစ်ဖြစ်တဲ့ Snapdragon 778+ Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဆိုပါ Snapdragon 778+ Chipset ဟာ CPU နဲ့ GPU Performance ပိုင်းမှာ လက်ရှိ Snapdragon 778 ထက် ၂၀ ရာခိုင်နှုန်းပိုကောင်းမယ်လို့ သိရပါတယ်။

တစ်ခုရှိတာကတော့ Xiaomi Civi 2 စမတ်ဖုန်းဟာ အဓိကအနေနဲ့ Processor ပိုင်းနဲ့ Software ပိုင်းပဲ ပြောင်းလဲသွားမှာဖြစ်ပြီး ကျန်တဲ့ Display ၊ Charging နဲ့ Camera ပိုင်းတွေကို အဆင့်မြှင့်တင်ထားမှာမဟုတ်ဘူးလို့ သိရပါတယ်။​ Design ပိုင်းလည်း ယခင် Xiaomi Civi အတိုင်းပဲ မိတ်ဆက်လာနိုင်ပြီး Battery ပိုင်းကိုတော့ အနည်းငယ်အဆင့်မြှင့်တင်လာနိုင်ပါတယ်။

Ref – GSM Arena