Xiaomi က Snapdragon 8s Gen 3 Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ Civi 4 Pro ကို ကြေညာလိုက်ပါတယ်။ အနောက်ဘက်မှာ Leica ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၂ လုံး ပါပါတယ်။

Xiaomi Civi 4 Pro is officially the first phone with Snapdragon 8s Gen 3

6.55” AMOLED 2750x1236p မျက်နှာပြင် တပ်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Peak Brightness က 3,000 Nits ဖြစ်ပြီး မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

Xiaomi Civi 4 Pro is officially the first phone with Snapdragon 8s Gen 3

အနောက်ဘက်မှာ 50MP Main , 50MP Portrait (2x Telephoto Zoom) နဲ့ 12MP Ultrawide Angle ကင်မရာတွေ တပ်ဆင်ထားပြီး LED Flash ၁ လုံး ပါပါတယ်။ 67W Charging ထောက်ပံ့တဲ့ 4,700mAh Battery ထည့်ထားပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Xiaomi Civi 4 Pro is officially the first phone with Snapdragon 8s Gen 3

Xiaomi Civi 4 Pro အတွက် Wild Green, Soft Mist Pink , Breeze Blue နဲ့ Starry Black အရောင်တွေ ထုတ်လုပ်ထားပြီး 12/256GB နဲ့ 12/512GB တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ Xiaomi China Website မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၂၆ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena