Unicode

မနှစ်တုန်းက Xiaomi ကနေ သူ့ရဲ့ စမတ်ဖုန်းတွေမှာ အဓိကအသုံးပြုနေတဲ့ UI ဖြစ်တဲ့ MIUI ရဲ့ နောက်ဆုံး Version MIUI 11 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် MIUI 11 Update ကို Xiaomi ဖုန်းအတော်များများရရှိနေပြီဖြစ်ပြီး Xiaomi ကနေ နောက်ထပ် သတင်းတစ်ခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါကတော့ ဒီနှစ်မှာလည်း MIUI Version အသစ်ဖြစ်တဲ့ MIUI 12 ကို တွေ့မြင်ရမယ်ဆိုတာကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ အခုလိုမျိုး အတည်ပြုလိုက်ပေမယ့်လည်း Xiaomi ကနေ ပါဝင်လာနိုင်တဲ့ Feature အသစ်တွေ၊ UI ပိုင်းပြောင်းလဲမှုတွေနဲ့ ဘယ်အချိန်မှာ စတင်ရရှိမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Xiaomi ရဲ့ MIUI ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ထဲက စတင်ခဲ့တဲ့အတွက် အခုဆိုရင် အချိန် ၁၀ နှစ်ဝန်းကျင်တောင်ရှိနေပြီလို့ ပြောလို့ရပါတယ်။ အခု MIUI ဟာဆိုရင် ပုံမှန်အားဖြင် Pure Android မှာ ပါဝင်တဲ့ Feature တွေထက် ကိုယ်ပိုင်သီးသန့် Feature တွေကိုပဲ ထည့်သွင်းနေကြဖြစ်တဲ့အတွက် ဒီ MIUI 12 မှာလည်း ဘယ်လို Feature အသစ်တွေပါလာမလဲဆိုတာ ခန့်မှန်းရခက်နေပြန်ပါတယ်။

ယခင်တုန်းကတော့ MIUI 12 မှာ Global System-wide Dark Mode ပါဝင်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ ဖြစ်နိုင်တာက Google ကနေ လာမယ့်မေလမှာ Android 11 OS အသစ်ကို မိတ်ဆက်ပြီးမှ MIUI 12 အကြောင်းကို အသေးစိတ်ကြေညာလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဖုန်းအသုံးပြုသူတွေအနေနဲ့လည်း ဒီနှစ်မှာ MIUI 12 Update ရရှိဖို့က ကျိန်းသေသွားပါပြီ။

Ref – Gizmo China

Zawgyi

မႏွစ္တုန္းက Xiaomi ကေန သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ အဓိကအသုံးျပဳေနတဲ့ UI ျဖစ္တဲ့ MIUI ရဲ႕ ေနာက္ဆုံး Version MIUI 11 ကို တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ အခုဆိုရင္ MIUI 11 Update ကို Xiaomi ဖုန္းအေတာ္မ်ားမ်ားရရွိေနၿပီျဖစ္ၿပီး Xiaomi ကေန ေနာက္ထပ္ သတင္းတစ္ခုကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ဒါကေတာ့ ဒီႏွစ္မွာလည္း MIUI Version အသစ္ျဖစ္တဲ့ MIUI 12 ကို ေတြ႕ျမင္ရမယ္ဆိုတာကို အတည္ျပဳလိုက္တာျဖစ္ပါတယ္။ အခုလိုမ်ိဳး အတည္ျပဳလိုက္ေပမယ့္လည္း Xiaomi ကေန ပါဝင္လာႏိုင္တဲ့ Feature အသစ္ေတြ၊ UI ပိုင္းေျပာင္းလဲမႈေတြနဲ႔ ဘယ္အခ်ိန္မွာ စတင္ရရွိမယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

Xiaomi ရဲ႕ MIUI ဟာဆိုရင္ ၿပီးခဲ့တဲ့ ၂၀၁၀ ခုႏွစ္ထဲက စတင္ခဲ့တဲ့အတြက္ အခုဆိုရင္ အခ်ိန္ ၁၀ ႏွစ္ဝန္းက်င္ေတာင္ရွိေနၿပီလို႔ ေျပာလို႔ရပါတယ္။ အခု MIUI ဟာဆိုရင္ ပုံမွန္အားျဖင္ Pure Android မွာ ပါဝင္တဲ့ Feature ေတြထက္ ကိုယ္ပိုင္သီးသန္႔ Feature ေတြကိုပဲ ထည့္သြင္းေနၾကျဖစ္တဲ့အတြက္ ဒီ MIUI 12 မွာလည္း ဘယ္လို Feature အသစ္ေတြပါလာမလဲဆိုတာ ခန္႔မွန္းရခက္ေနျပန္ပါတယ္။

ယခင္တုန္းကေတာ့ MIUI 12 မွာ Global System-wide Dark Mode ပါဝင္လာမယ္လို႔ သတင္းထြက္ေပၚခဲ့ဖူးပါေသးတယ္။ ျဖစ္ႏိုင္တာက Google ကေန လာမယ့္ေမလမွာ Android 11 OS အသစ္ကို မိတ္ဆက္ၿပီးမွ MIUI 12 အေၾကာင္းကို အေသးစိတ္ေၾကညာလာႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi ဖုန္းအသုံးျပဳသူေတြအေနနဲ႔လည္း ဒီႏွစ္မွာ MIUI 12 Update ရရွိဖို႔က က်ိန္းေသသြားပါၿပီ။

Ref – Gizmo China