ပေါက်ကြားသတင်းထွက်လာပြီးနောက်မှာ Xiaomi CEO Lei Jun က Mi 11 ရဲ့ ဘူးထဲမှာ Charger ပါလာမှာ မဟုတ်ဘဲ USB Type-C Charging ကြိုးပဲ ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပါတယ်။ CEO က အဲဒီလို ပြုလုပ်ရတာဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ဘူးထဲမှာ Charger မထည့်သွင်းထားတဲ့အတွက် ဘူး ထုထည် သေးငယ်သွားမှာ ဖြစ်ပါတယ်။

သူက ဒီဆုံးဖြတ်ချက်ကို Fans တွေ ကြိုက်ကြမှာ မဟုတ်ဘူးဆိုတာ သိပေမယ့် ဖုန်း ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လျှော့သင့်တာတွေ လျှော့ကြရမယ်လို့ ပြောပါတယ်။

Xiaomi Mi 11 variants and color options appear in new leak - Gizmochina

Apple ဟာ iPhone 12 Series ရဲ့ ဘူးထဲမှာ Power Adapter နဲ့ EarPods ကို ဖယ်ရှားခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့လို့ ပြောခဲ့ပါတယ်။ Apple Fans များစွာက ဒီလုပ်ရပ်ကို မကျေနပ်တဲ့ အသံတွေလည်း ထွက်လာခဲ့ပါတယ်။ Apple က ရှေ့ဆောင်လမ်းပြ လုပ်ပြီးတဲ့နောက်မှာ အခုတော့ Xiaomi ကလည်း လိုက်လုပ်တော့မှာ ဖြစ်ပါတယ်။ ဒါတင် မကသေးဘဲ Samsung ကလည်း နောက်လကြေညာမယ့် Galaxy S21 Series ဘူးထဲမှာ Charger မထည့်သွင်းထားဘူးလို့ သတင်းထွက်နေပါတယ်။

Xiaomi ဟာ မကြာခင်ကပဲ Mi 11 မှာ Corning Gorilla Glass Victus Protection , Harman Kardon Audio , WiFi 6E Support   ထည့်သွင်းထားမယ်လို့ အတည်ပြုခဲ့ပါတယ်။ Mi 11 ဟာ Snapdragon 888 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ Mi 11 Pro မှာတော့ 108MP ကင်မရာနဲ့ ကြမ်းထားမယ်လို့ သတင်းထွက်နေပြီး လာမယ့် ၂၈ ရက်နေ့မှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရတော့မှာပါ။

Ref : fonearena