Xiaomi ကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Screen-to-Body Ratio 180.6% အထိရှိပြီး ဖုန်းရဲ့ ဘေးဘက်တွေနဲ့ နောက်ကျောဘက်ကိုပါ အပြည့်ပြုလုပ်ထားတဲ့ Mi Mix Alpha စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် Xiaomi အနေနဲ့ အဆိုပါ Mi Mix Alpha ဖုန်းကို အခုအချိန်အထိ တရားဝင်မရောင်းချသေးပါဘူး။

အဲ့ဒီအတွက် မကြာသေးခင်တုန်းက Xiaomi ကနေ စျေးကွက်အတွင်းမှာ ရောင်းချသွားဖို့အတွက် Qualcomm Snapdragon 865 Chipset ကို အသုံးပြုနိုင်မယ့် Mi Mix Alpha Version အသစ်ကို ထုတ်လုပ်သွာမးယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါသတင်းတွေဟာ ကြည့်ရတာကတော့ ကောလဟာလအနေနဲ့ပဲထွက်ရှိခဲ့တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Xiaomi ရဲ့ Deputy General Manager of Marketing အနေနဲ့တာဝန်ယူထားတဲ့ Xiao Zhang က Weibo Account ကနေတစ်ဆင့် Snapdragon 865 Chipset နဲ့ Xiaomi Mix Alpha ဖုန်းရှိလာမှာမဟုတ်ဘူးဆိုပြီး အတည်ပြုခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Mi Mix Alpha ဖုန်းကိုတောင် ရောင်းချပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

Xiaomi Mi Alpha စမတ်ဖုန်းဟာ မိတ်ဆက်တဲ့အချိန်တုန်းက Snapdragon 855+ Chipset ကို အသုံးပြုထားခဲ့ပြီး ရောင်းချခြင်းမရှိပေမယ့် စျေးနှုန်းကို တရုတ်ယွမ်ငွေ ၁၉,၉၉၉ (မြန်မာငွေ သိန်း ၄၀ ခန့်) သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ Xiaomi ကတော့ အရင်တုန်းက Mi Mix Alpha ဖုန်းကို အမြောက်အများထုတ်လုပ်နိုင်တယ်ဆိုပေမယ့် ဘာကြောင့်အခုအချိန်အထိ ရောင်းချခြင်းမရှိသေးတာလဲကတော့ မေးခွန်းထုတ်စရာပါ။

Ref – Gizmo China