၂၀၂၅ ကတော့ ultra-slim (အလွန်ပါးလွှာတဲ့) ဖုန်းတွေရဲ့နှစ် ဖြစ်လာမှာပါ။
Samsung က ပါးပါးလျလျ Galaxy S25 Edge ကို ထုတ်ခဲ့ပြီး Apple ကလည်း စက်တင်ဘာမှာ iPhone Air နဲ့ လိုက်ဖိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ trend ကို လူသိပ်မကြိုက်သေးပါဘူး။ Apple ရော Samsung ရော နှစ်ခုလုံးရဲ့ ultra-slim မော်ဒယ်တွေဟာ ဈေးကွက်မှာ ဝယ်လိုအား အရမ်းနည်းနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဘယ်လောက်တောင်ဆိုးလဲဆိုတော့ Samsung ဟာ တစ်ကြိမ်ပဲ ထုတ်ပြီးနောက်မှာ Edge လိုင်းထုတ်လုပ်မှုကို လုံးဝ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
အခုတော့ Weibo က သတင်းပေးသူ Digital Chat Station ရဲ့ အပြောအရ၊ ထိပ်တန်း တရုတ် ဖုန်း ကုမ္ပဏီ ၅ ခုထဲက အနည်းဆုံး ၂ ခုဟာ သူတို့ကိုယ်ပိုင် ultra-light (အလွန်ပေါ့ပါးတဲ့) နဲ့ ultra-thin (အလွန်ပါးလွှာတဲ့) ဒီဇိုင်းတွေကို စမ်းသပ်နေပါတယ်။ ပြီးတော့ Xiaomi က သူတို့ထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။

သီးခြားပေါက်ကြားလာတဲ့ သတင်းတစ်ခုမှာ၊ သတင်းပေးသူ Smart Pikachu က Xiaomi ဟာ ပါးလွှာတဲ့ Xiaomi 17 Air တစ်လုံးကို ထုတ်လုပ်နေနိုင်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
အဲဒီသတင်းအရ၊ အဲဒီဖုန်းမှာ ၆.၆ လက်မ 1.5K display နဲ့ 200MP main camera ပါဝင်နိုင်ပြီး၊ ဒါကို Xiaomi 17 Pro Max မှာတောင် မပေးထားပါဘူး။ အဲဒီဖုန်ုးမှာ physical SIM ထည့်တဲ့ slot မပါဘဲ eSIM ကိုပဲ အပြည့်အဝ ထောက်ပံ့မယ်လို့လည်း သတင်းထွက်နေပါတယ်။
တရုတ် brand တွေဟာ silicon-carbon ဘက်ထရီနည်းပညာကို လက်ခံကျင့်သုံးနေကြပါပြီ။ ဒါက နေရာကျဉ်းကျဉ်းမှာ ပမာဏများများ ထည့်သွင်းနိုင်စေပါတယ်။
ဥပမာအားဖြင့် Xiaomi 17 Pro Max ဟာ ၈ မီလီမီတာ ဘောင်အတွင်းမှာ 7,500mAh ဘက်ထရီကို ထည့်သွင်းထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် Xiaomi က ၆ မီလီမီတာ အဆင့်ရှိတဲ့ “Air” မော်ဒယ်ကို တည်ဆောက်မယ်ဆိုရင်၊ 5,000mAh နီးပါးလောက်ရှိတဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။
Ref : gizmochina