Xiaomi ဟာ ပြီးခဲ့တဲ့နှစ်တုန်းက စျေးနှုန်းသက်သာပြီး Flagship Specs တွေပါဝင်တဲ့ Mi 10S စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi 10S ဖုန်းဟာ Global အနေနဲ့ မိတ်ဆက်ခဲ့ခြင်းမရှိဘဲ တရုတ်နိုင်ငံမှာပဲ သီးသန့်ရောင်းချသွားတာဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi 10S စမတ်ဖုန်းကို တရားဝင်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အခုသတင်းကို Xiaomi CEO ဖြစ်တဲ့ Lei Jun ကိုယ်တိုင်က Weibo စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအတွက် ယခင်တုန်းက Mi 10S ဖုန်းကို ဝယ်ယူနိုင်တဲ့နေရာတွေဖြစ်တဲ့ ITHome ၊ Mi.com နဲ့ JD (Jingdong) မှာလည်း Out of Stock ဖြစ်နေပြီလို့ သိရပါတယ်။ Xiaomi ကနေ Mi 10S ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Mi 11S ဖုန်းကို မိတ်ဆက်ဖို့ရှိဦးမလားဆိုတာကိုလည်း ပြောကြားခဲ့ခြင်းမရှိပါဘူး။
Xiaomi Mi 10S Feature ဟာ 6.67″ Full HD+ 90Hz AMOLED Display ကို အသုံးပြုထားပြီး Qualcomm Snapdragon 870 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ LPDDR5 RAM ၊ UFS 3.0 Storage ၊ Liquid Cooling လိုမျိုး နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။ Camera Setup အနေနဲ့လည်း 108MP Primary Sensor ၊ 13MP Ultrawide ၊ 2MP Macro နဲ့ 2M Depth Quad Camera Setup နဲ့ 20MP Selfie Camera တွေပါဝင်မှာပါ။ Battery ပိုင်းမှာလည်း 4780mAh Battery ကိုမှ 33W Fast Charging ၊ 30W Wireless Charging နဲ့ 10W Reverse Wireless Charging တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
Ref – Gizmo China