ကမ္ဘာအဝန်းမှာ စမတ်ဖုန်း ရောင်းအား ကျဆင်းနေပေမယ့် Xiaomi ဟာ တရုတ်မှာ ရောင်းအားကောင်းနေပါတယ်။ BCI ရဲ့ စစ်တမ်းအရ Xiaomi နဲ့ Redmi ဟာ နိုဝင်ဘာလမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး စမတ်ဖုန်း ၅.၂ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ အရင်နှစ်ကထက် ရောင်းအား ၄၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Xiaomi ဟာ နိုဝင်ဘာလမှာ ရောင်းအားအကောင်းဆုံး ကုမ္ပဏီ စာရင်းမှာ နံပါတ် ၂ နေရာကို ရထားပါတယ်။ ဒါပေမယ့် တန်ဖိုးကြီး ဖုန်း ဈေးကွက်မှာ Xiaomi ဟာ ဈေးကွက်ဝေစု ၁၁.၈ ရာခိုင်နှုန်းရထားပါတယ်။ စုစုပေါင်း စမတ်ဖုန်း ဈေးကွက်ဝေစုမှာ ၁၈.၃ ရာခိုင်နှုန်းရထားပါတယ်။ Apple က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး Honor က ဖုန်း ၄ သန်း ရောင်းချထားနိုင်ပါတယ်။

နိုဝင်ဘာလရဲ့ နောက်ဆုံးရက်တွေမှာ Xiaomi ဟာ Apple ရဲ့ ရောင်းအားထက်တောင်များခဲ့ပါသေးတယ်။ ၁ လလုံးကို နှိုင်းယှဉ်ရင်တော့ Apple နဲ့ Xiaomi ရဲ့ ရောင်းအားဟာ ကွာခြားနေပါတယ်။

Xiaomi Logo and symbol, meaning, history, PNG, brand

Huawei နဲ့ vivo က နံပါတ် ၄ နဲ့ ၅ နေရာကို ရထားပါတယ်။ Huawei ဟာ အရင်နှစ်ကထက် ရောင်းအား ၇၄ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။ vivo , OnePlus နဲ့ realme တို့ရဲ့ ရောင်းအားကတော့ အရင်နှစ်ကထက် ကျဆင်းသွားပါတယ်။

တရုတ်မှာ နိုဝင်ဘာလက Double Eleven ဈေးရောင်းပွဲတော် ရှိတဲ့အတွက် ကုမ္ပဏီအများစုဟာ ရောင်းအားကောင်းခဲ့ပါတယ်။ ဒီလဟာလည်း ပွဲတော်ရာသီ ဖြစ်တဲ့အတွက် ရောင်းအား ဆက်လက်ကောင်းနေဦးမယ်လို့ ထင်ပါတယ်။

Ref : gizmochina