တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ကုမၸဏီဟာ အိႏၵိယေစ်းကြက္မွာ သူတုိ႔ရဲ႕ ပထမဆုံး တရားဝင္ Mi Store ကို ၂၀၁၇ ခုႏွစ္မွာမွ စတင္ဖြင့္လွစ္ႏုိင္ခဲ့တာပါ။ ကုမၸဏီဟာ သူတုိ႔ရဲ႕ နယ္ပယ္ကို တေျဖးေျဖး ခ်ဲ႕ထြင္လာခဲ့ေပမယ့္ အခုေနာက္ဆုံးတုိးခ်ဲ႕မႈကေတာ့ အျပင္းစားပါပဲ။
ႏုိဝင္ဘာ ၂၀ ရက္ေန႔မွာ Xiaomi India မွ အိႏၵိယေစ်းကြက္အတြင္း ဆုိင္ခြဲေပါင္း ၅၀၀ ကို တျပိဳင္တည္း ဖြင့္လွစ္လုိက္ျခင္းျဖင့္ ဂင္းနက္စ္စံခ်ိန္အသစ္ကို တင္သြားခဲ့ပါတယ္။ တကယ္ေတာ့ ဆုိင္ေတြကို ေအာက္တုိဘာ ၂၉ ရက္ထဲက ဖြင့္လွစ္ခဲ့တာျဖစ္ေပမယ့္ ဂင္းနက္စ္ စံခ်ိန္အဖြဲ႕ဘက္က တရားဝင္ စစ္ေဆးရွင္းလင္းမႈေတြ ျပဳလုပ္ေနရတာေၾကာင့္ အနည္းငယ္ၾကာျပီးမွ ေၾကျငာႏုိင္ခဲ့တာပါ။
ကုမၸဏီရဲ႕ တြစ္တာပုိစ့္မွာေတာ့ Xiaomi ဟာ ဒီလိုတုိးခ်ဲ႕ျခင္းဟာ အိႏၵိယေစ်းကြက္အတြက္ လက္လီဆုိင္ခြဲ ဖြင့္လွစ္မႈ စီမံကိန္းအသစ္ရဲ႕ အစိတ္အပုိင္းတစ္ခုျဖစ္ျပီး ဆင္ေျခဖုံးေဒသေတြက သုံးစြဲသူေတြကိုလည္း Flagship Store တစ္ခုရဲ႕ အေတြ႕အၾကဳံကို ေပးစြမ္းခ်င္လို႔ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
အိႏၵိယႏုိင္ငံဟာ တရုတ္၊ ဥေရာပ ေစ်းကြက္ေတြလိုပဲ စမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ မ်က္စိက်ျခင္းကို ခံေနရျပီး အခုလ အေစာပုိင္းကလည္း OnePlus က လူအမ်ားဆုံး Unboxing ျပဳလုပ္ျခင္းနဲ႔ ဂင္းနက္စ္ စံခ်ိန္တင္ထားခဲ့ပါေသးတယ္။
Ref – GSM Arena
Unicode
တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ကုမ္ပဏီဟာ အိန္ဒိယဈေးကွက်မှာ သူတို့ရဲ့ ပထမဆုံး တရားဝင် Mi Store ကို ၂၀၁၇ ခုနှစ်မှာမှ စတင်ဖွင့်လှစ်နိုင်ခဲ့တာပါ။ ကုမ္ပဏီဟာ သူတို့ရဲ့ နယ်ပယ်ကို တဖြေးဖြေး ချဲ့ထွင်လာခဲ့ပေမယ့် အခုနောက်ဆုံးတိုးချဲ့မှုကတော့ အပြင်းစားပါပဲ။
နိုဝင်ဘာ ၂၀ ရက်နေ့မှာ Xiaomi India မှ အိန္ဒိယဈေးကွက်အတွင်း ဆိုင်ခွဲပေါင်း ၅၀၀ ကို တပြိုင်တည်း ဖွင့်လှစ်လိုက်ခြင်းဖြင့် ဂင်းနက်စ်စံချိန်အသစ်ကို တင်သွားခဲ့ပါတယ်။ တကယ်တော့ ဆိုင်တွေကို အောက်တိုဘာ ၂၉ ရက်ထဲက ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် ဂင်းနက်စ် စံချိန်အဖွဲ့ဘက်က တရားဝင် စစ်ဆေးရှင်းလင်းမှုတွေ ပြုလုပ်နေရတာကြောင့် အနည်းငယ်ကြာပြီးမှ ကြေငြာနိုင်ခဲ့တာပါ။
ကုမ္ပဏီရဲ့ တွစ်တာပိုစ့်မှာတော့ Xiaomi ဟာ ဒီလိုတိုးချဲ့ခြင်းဟာ အိန္ဒိယဈေးကွက်အတွက် လက်လီဆိုင်ခွဲ ဖွင့်လှစ်မှု စီမံကိန်းအသစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆင်ခြေဖုံးဒေသတွေက သုံးစွဲသူတွေကိုလည်း Flagship Store တစ်ခုရဲ့ အတွေ့အကြုံကို ပေးစွမ်းချင်လို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ တရုတ်၊ ဥရောပ ဈေးကွက်တွေလိုပဲ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ မျက်စိကျခြင်းကို ခံနေရပြီး အခုလ အစောပိုင်းကလည်း OnePlus က လူအများဆုံး Unboxing ပြုလုပ်ခြင်းနဲ့ ဂင်းနက်စ် စံချိန်တင်ထားခဲ့ပါသေးတယ်။
Ref – GSM Arena