Xiaomi ဟာ ဧပြီလက တရုတ်မှာ ကြေညာခဲ့တဲ့ MIUI 12 ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ MIUI 12.5 Closed Beta ကို ရယူချင်သူတွေအတွက် စာရင်းပေးသွင်းခွင့်ပြုလိုက်ပါတယ်။ စုစုပေါင်း မော်ဒယ် ၂၁ လုံးမှာ ရယူနိုင်ပြီ ဖြစ်ပြီး “Early Access” Registration Process ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။ တရုတ်က လူတွေကတော့ MIUI ရဲ့ WeChat တရားဝင် အကောင့်ကိုသွားပြီး “Early Access” ကို နှိပ်ရမှာပါ။ ကုမ္ပဏီက စစ်ဆေးပြီးနောက်မှာ MIUI 12.5 ကို အင်စတောလုပ်နိုင်မှာပါ။

MIUI 12.5 closed beta

MIUI 12.5 ရတဲ့ မော်ဒယ် ၂၁ လုံးက  Xiaomi Mi 10, Xiaomi Mi 10 Pro, Xiaomi Mi 10 Ultra, Xiaomi Mi 10 Youth Edition, Redmi K30, Redmi K30 5G, Redmi K30 Pro 5G, Redmi K30i 5Gv, Redmi K30S Ultra, Redmi K30 Ultra, Xiaomi Mi 9, Xiaomi Mi 9 SE, Xiaomi Mi CC9e, Xiaomi Mi CC9 Pro, Redmi K20, Redmi K20 Pro, Redmi 10X 5G, Redmi 10X Pro 5G, Redmi Note 9 5G, Redmi Note 7 နဲ့ Redmi Note 7 Pro တို့ ဖြစ်ပါတယ်။

Update: Dec. 22] Xiaomi MIUI 12.5 update eligible devices & release/rollout tracker - PiunikaWeb

အခု ပထမ အသုတ်မှာ Xiaomi Mi 9 Pro 5G, Xiaomi Mi CC9, Xiaomi Mi CC9 Meitu Custom Edition, Redmi Note 9 Pro 5G, Redmi Note 8 နဲ့ Redmi Note 8 Pro တို့တော့ မပါလာသေးပါဘူး။

MIUI 12.5 ကို Mi 11 Series မိတ်ဆက်ပွဲမှာ ကြေညာခဲ့တာဖြစ်ပြီး Privacy Protection ပိုကောင်းလာမှာ ဖြစ်သလို UI က ပိုရှင်းလင်းလာနိုင်ပါတယ်။ Animations အသစ်တွေလည်း ထည့်သွင်းထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က Xiaomi MIUI Turkey က MIUI 12.5 Final နဲ့ Stable Version တွေကို တရုတ်မှာ ဖေဖော်ဝါရီလ နှောင်းပိုင်း ဖြန့်ချိမယ်လို့ အတည်ပြုထားပါတယ်။

Ref : gizmochina