The Wall Street Insights ရဲ့ စစ်တမ်းအရ Xiaomi ဟာ ပထမဆုံး ၁၀ ရက်အတွင်း Xiaomi 14 Series အလုံးရေ ၁.၄၄ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံး ရောင်းချတဲ့ အောက်တိုဘာလ ၃၁ ရက်က‌နေ နိုဝင်ဘာလ ၁၀ ရက်အတွင်းရောင်းအားကို တွက်ချက်ထားတာပါ။ ဒါဟာ Xiaomi အတွက် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

Xiaomi 14 Series ရောင်းအားကြောင့် Xiaomi ဟာ ဒီနှစ်ရဲ့ ၄၄ ပတ်မြောက် ဖုန်း ရောင်းအားမှာ ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။ ဈေးကွက်ဝေစု အပိုင်းမှာ Xiaomi ပြီးရင် Huawei နဲ့ Honor တို့က နံပါတ် ၂ နဲ့ နံပါတ် ၃ နေရာကို အသီးသီး ရယူထားပါတယ်။

Xiaomi 14 sold more than 1.44 million units in just 10 days

Xiaomi က တရုတ်ရဲ့ အကြီးမားဆုံး ဈေးရောင်းပွဲတော် ဖြစ်တဲ့ 11.11 မှာ Channels အားလုံးကနေ ဝင်ငွေ ၂၂.၄ ဘီလီယမ် ယွမ် ( ဒေါ်လာ ၃ ဘီလီယမ်)ကို စံချိန်တင် ရခဲ့တယ်လို့ ဝီဘိုမှာ ကြေညာခဲ့ပါတယ်။

Xiaomi 14 အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 8 GB RAM + 256 GB storage (~$530), 12 GB RAM + 256 GB storage (~$570), 16 GB RAM + 256 GB storage (~$610) နဲ့ 16 GB RAM + 256 GB storage (~$650) တို့ ဖြစ်ပါတယ်။

Xiaomi 14 Pro အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 12 GB RAM + 256 GB storage (~$650), 16 GB RAM + 256 GB storage (~$720), 16 GB RAM + 1 TB storage (~$780) နဲ့ တိုက်တေနီယမ် ဖရိမ်ပါတဲ့  16 GB RAM + 1 TB storage (~$840) တို့ ဖြစ်ပါတယ်။

Ref : gsmarena