Xiaomi ဟာ ပေကျင်းမြို့၊ ချန်ပင်း (Changping) မှာ လူသားလုပ်သားတွေနဲ့ မီးရောင်တွေ မလိုအပ်ဘဲ လည်ပတ်နိုင်တဲ့ “Dark Factory” (မှောင်မိုက်နေသော စက်ရုံ) လို့ တင်စားခေါ်ဝေါ်ကြတဲ့ အလိုအလျောက် စမတ်ဖုန်း ထုတ်လုပ်ရေး စက်ရုံအသစ်ကို မိတ်ဆက်လိုက်ပါတယ်။

စတုရန်းကိုက် ၉၆,၉၀၀ ကျယ်ဝန်းတဲ့ ဒီစက်ရုံကြီးဟာ စက်ရုပ်တွေ၊ ဉာဏ်ရည်တု (AI)၊ စက်ပစ္စည်းအမြင်အာရုံစနစ် (Machine Vision) နဲ့ အလိုအလျောက် ထောက်ပံ့ပို့ဆောင်ရေး စနစ်တွေကို အသုံးပြုပြီး ၂၄ နာရီပတ်လုံး မနားတမ်း လည်ပတ်နေမှာ ဖြစ်ပါတယ်။
ဒီစက်ရုံဟာ တစ်နှစ်ကို စမတ်ဖုန်းအလုံးရေ ၁၀ သန်းအထိ ထုတ်လုပ်နိုင်ပြီး စွမ်းကုန်မောင်းနှင်မယ်ဆိုရင် ပျမ်းမျှအားဖြင့် တစ်စက္ကန့်ကို စမတ်ဖုန်းတစ်လုံးနှုန်း ထွက်ရှိမယ်လို့ Xiaomi က ပြောပါတယ်။ Xiaomi ရဲ့ HyperIMP အသိဉာဏ်မြင့် ကုန်ထုတ်လုပ်မှု ပလက်ဖောင်းက ထုတ်လုပ်မှု၊ စစ်ဆေးမှုနဲ့ အရည်အသွေး ထိန်းချုပ်မှု လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲပေးသွားမှာပါ။
ဒီစက်ရုံဟာ တရုတ်နိုင်ငံရဲ့ အီလက်ထရွန်နစ် ကဏ္ဍမှာ AI နည်းပညာ မောင်းနှင်တဲ့ လူမဲ့ကုန်ထုတ်လုပ်မှုစနစ်ဆီ ပြောင်းလဲလာတဲ့ လမ်းကြောင်းကို ပေါ်လွင်စေပါတယ်။
Ref : Fossbytes