[Zawgyi]
Xiaomi က အိႏၵိယမွာ ဖုန္းတင္မကဘဲ TV ေတြလည္း ဖလန္းဖလန္းထေအာင္ ေရာင္းေနရပါတယ္။ Amazon , Flipkart နဲ႔ MI.com တို႔မွာ မၾကာခင္က ျပဳလုပ္ခဲ့တဲ့ ေစ်းေရာင္းပြဲေတာ္မွာ Mi TV အလံုးေရ ၂၅၀,၀၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ပ်မ္းမွ်အားျဖင့္ ၁ မိနစ္ကို TV ၄၃ လံုး ေရာင္းခ်ႏိုင္ခဲ့တာပါ။ ဒါဟာ အရမ္းေကာင္းတဲ့ ရလဒ္ ျဖစ္ပါတယ္။
Mi fans, we're on a record-breaking streak this #DiwaliWithMi.@MiTVIndia has sold 2.5 lakh #MiTVs across https://t.co/D3b3QtmvaT, @amazonIN & @Flipkart.
Interesting fact: We've sold 43 #MiTVs every minute.
This calls for a celebration. ?Get yours: https://t.co/UbiCgFG8xp pic.twitter.com/k37nemLN4i
— Mi India for #MiFans (@XiaomiIndia) October 3, 2019
Flipkart Big Billion Days Sale နဲ႔ Amazon’s Great Indian Festival ေတြမွာ Xiaomi က Mi TV ေတြကို ေစ်းေတြ အမ်ားႀကီးေလွ်ာ့ၿပီး ေရာင္းခ်ေပးခဲ့တာပါ။ ကုမၸဏီက ေစ်းေရာင္းပြဲေတာ္အတြင္း Amazon India မွာ ေရာင္းအား အေကာင္းဆံုး TV ၂ လံုးက ၄၃ လက္မ Mi TV 4A Pro နဲ႔ ၃၂ လက္မ Mi TV 4C Pro ျဖစ္တယ္လို႔ ေျပာပါတယ္။
၃၂ လက္မ Mi TV 4C Pro ကို အြန္လိုင္းစတိုးေတြမွာ ရူပီး ၁၁,၄၉၉ နဲ႔ ေစ်းေလွ်ာ့ေရာင္းေပးထားၿပီး ျမန္မာေငြ ၂၅၀,၀၀၀ ေလာက္ရွိပါတယ္။ ၄၃ လက္မ 4A Pro ကို ရူပီး ၁၉,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၃၀,၀၀၀ ေလာက္ တန္ေၾကးရွိပါတယ္။ ၄၃ လက္မ၊ ၅၀ လက္မ၊ ၆၅ လက္မ Mi TV 4X နဲ႔ ၄၀ လက္မ Mi TV 4A အပါအ၀င္ Xiaomi က အိႏၵိယမွာ TV အသစ္ေတြကို မၾကာခင္က ေၾကညာခဲ့ပါတယ္။ ေစ်းေရာင္းပြဲေတာ္မွာ အဲဒီ TV ေတြကိုပါ ေရာင္းခ်ေပးခဲ့တာပါ။
Xiaomi India ရဲ႕ အႀကီးအကဲ Eshwar Nilakanta က “ Smart TV ေရာင္းတဲ့ လုပ္ငန္းကို ၂၀၁၈ ခုႏွစ္က စတင္ခဲ့ၿပီး အဲဒီ အခ်ိန္ကတည္းက အိႏၵိယမွာ ေရာင္းအား ေကာင္းခဲ့ပါတယ္။ ၃ လအတြင္းမွာ Mi TV ေရာင္းအားဟာ ထိပ္ဆံုးကို ေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ ကြာတား ၅ ခုဆက္တိုက္ အဲဒီေနရာကို ထိန္းထားႏုိင္ခဲ့ပါတယ္။ “ လို႔ ေျပာပါတယ္။
Ref : gizmochina
[Unicode]
အိန္ဒိယက ဈေးရောင်းပွဲတော်မှာ ၁ မိနစ်ကို TV ၄၃ လုံး ရောင်းချနိုင်ခဲ့တဲ့ Xiaomi
Xiaomi က အိန္ဒိယမှာ ဖုန်းတင်မကဘဲ TV တွေလည်း ဖလန်းဖလန်းထအောင် ရောင်းနေရပါတယ်။ Amazon , Flipkart နဲ့ MI.com တို့မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဈေးရောင်းပွဲတော်မှာ Mi TV အလုံးရေ ၂၅၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ပျမ်းမျှအားဖြင့် ၁ မိနစ်ကို TV ၄၃ လုံး ရောင်းချနိုင်ခဲ့တာပါ။ ဒါဟာ အရမ်းကောင်းတဲ့ ရလဒ် ဖြစ်ပါတယ်။
Mi fans, we're on a record-breaking streak this #DiwaliWithMi.@MiTVIndia has sold 2.5 lakh #MiTVs across https://t.co/D3b3QtmvaT, @amazonIN & @Flipkart.
Interesting fact: We've sold 43 #MiTVs every minute.
This calls for a celebration. ?Get yours: https://t.co/UbiCgFG8xp pic.twitter.com/k37nemLN4i
— Mi India for #MiFans (@XiaomiIndia) October 3, 2019
Flipkart Big Billion Days Sale နဲ့ Amazon’s Great Indian Festival တွေမှာ Xiaomi က Mi TV တွေကို ဈေးတွေ အများကြီးလျှော့ပြီး ရောင်းချပေးခဲ့တာပါ။ ကုမ္ပဏီက ဈေးရောင်းပွဲတော်အတွင်း Amazon India မှာ ရောင်းအား အကောင်းဆုံး TV ၂ လုံးက ၄၃ လက်မ Mi TV 4A Pro နဲ့ ၃၂ လက်မ Mi TV 4C Pro ဖြစ်တယ်လို့ ပြောပါတယ်။
၃၂ လက်မ Mi TV 4C Pro ကို အွန်လိုင်းစတိုးတွေမှာ ရူပီး ၁၁,၄၉၉ နဲ့ ဈေးလျှော့ရောင်းပေးထားပြီး မြန်မာငွေ ၂၅၀,၀၀၀ လောက်ရှိပါတယ်။ ၄၃ လက်မ 4A Pro ကို ရူပီး ၁၉,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၄၃၀,၀၀၀ လောက် တန်ကြေးရှိပါတယ်။ ၄၃ လက်မ၊ ၅၀ လက်မ၊ ၆၅ လက်မ Mi TV 4X နဲ့ ၄၀ လက်မ Mi TV 4A အပါအဝင် Xiaomi က အိန္ဒိယမှာ TV အသစ်တွေကို မကြာခင်က ကြေညာခဲ့ပါတယ်။ ဈေးရောင်းပွဲတော်မှာ အဲဒီ TV တွေကိုပါ ရောင်းချပေးခဲ့တာပါ။
Xiaomi India ရဲ့ အကြီးအကဲ Eshwar Nilakanta က “ Smart TV ရောင်းတဲ့ လုပ်ငန်းကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး အဲဒီ အချိန်ကတည်းက အိန္ဒိယမှာ ရောင်းအား ကောင်းခဲ့ပါတယ်။ ၃ လအတွင်းမှာ Mi TV ရောင်းအားဟာ ထိပ်ဆုံးကို ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ကွာတား ၅ ခုဆက်တိုက် အဲဒီနေရာကို ထိန်းထားနိုင်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။
Ref : gizmochina