Xiaomi က Mi Air Charge အားသွင်းနည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi က Device များစွာကို တစ်ပြိုင်နက် အားသွင်းပေးနိုင်ပြီး လမ်းလျှောက်ရင်း ဖုန်းသုံးနေရင်လည်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

Xiaomi က ဒီနည်းပညာအလုပ်လုပ်ပုံကို ရှင်းပြထားပါတယ်။ အားသွင်းစက်က ဧည့်ခန်း စားပွဲခုံငယ် အရွယ်အစားလောက် ရှိပြီး ဖုန်းကို 5W နှုန်းနဲ့ ကြိုးမဲ့ အားသွင်းပေးနိုင်ပါတယ်။ အားသွင်းစက်မှာ အန်တင်နာ ၅ ခု ထည့်သွင်းထားပြီး ဖုန်းတည်နေရာကို တိကျစွာ ခြေရာခံနိုင်ပါတယ်။ Qi စံနှုန်းတွေလည်း မလိုအပ်ဘဲ စမတ်ဖုန်းမှာ အရွယ်သေး အန်တင်နာတွေ တပ်ဆင်ထားပါတယ်။

Xiaomi introduces Mi Air Charge, wireless charging from across the room

လက်ရှိမှာ Xiaomi ရဲ့ အားသွင်းနည်းပညာဟာ Device များစွာကို 5W နှုန်းနဲ့ အားသွင်းပေးနိုင်ပါတယ်။ မီတာ တော်တော်များများအတွင်းမှာ အလုပ်လုပ်ပြီး ကြားထဲမှာ အတားအဆီးတွေရှိရင်လည်း အိုကေတယ်လို့ Xiaomi က ပြောပါတယ်။

Xiaomi က ဒီနည်းပညာဟာ စမတ်နာရီ၊ စမတ်လက်ပတ်နဲ့ တခြား ချပ်ဝတ်တန်ဆာကွန်ပြူတာတွေနဲ့လည်း အလုပ်လုပ်တယ်လို့ ပြောပါတယ်။ အဲဒီ အားသွင်းစက်ကို နောက်ပိုင်းမှာ စပီကာ၊ မီးအိမ်နဲ့ တခြား နေအိမ်သုံး ပစ္စည်းတွေမှာ ထည့်သွင်းလာနိုင်ပါတယ်။ Xiaomi က Mi Air Charge ကို ဈေးကွက်ထဲ ပို့မယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena