Xiaomi က ဧပြီလနှောင်းပိုင်းမှာ Redmi Note 9 ကို နိုင်ငံတကာအတွက် ကြေညာခဲ့ပြီး နောက်လမှာ တရုတ်အတွက် Redmi 10X 4G အနေနဲ့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မူလ နာမည်နဲ့ အိန္ဒိယမှာ ချပြခဲ့ပြီး အခုတော့ နိုင်ငံတကာအတွက် Redmi Note 9 Onyx Black ကို ကြေညာလိုက်ပါတယ်။

မနေ့ကပဲ Xiaomi ဟာ နိုင်ငံတကာအတွက် Redmi Note 8 Pro Coral Orange Special Edition ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Redmi Note 9 Onyx Black ကို ချပြလိုက်ပြန်ပါပြီ။ Xiaomi က ရောင်းချမယ့် နိုင်ငံတွေကို မပြောသွားပါဘူး။

Redmi Note 9 ကို မူလက Forest Green , Midnight Grey နဲ့ Polar White ၃ ရောင် ထုတ်လုပ်ပေးထားပြီး တရုတ်မှာ Pine Morning Green , Sky Blue နဲ့ Ice Fog White နာမည်တွေနဲ့ ကြေညာထားတာ ဖြစ်ပါတယ်။ အိန္ဒိယမှာ Aqua Green , Pebble Grey နဲ့ Arctic White နာမည်တွေနဲ့ ပွဲထုတ်ခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယမှာ Scarlet Red ၁ ရောင်ကို အထူးထုတ်လုပ်ထားပါသေးတယ်။ Onyx Black နိုင်ငံတကာ မော်ဒယ်ကို အိန္ဒိယနဲ့ တရုတ်မှာ နာမည်ပြောင်း ရောင်းချနိုင်ပါတယ်။

Ref : gizmochina