Dalian Zhiyun Automation Company ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း OLED ထုတ်လုပ်ရေ:လုပ်ငန်းကြီးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ LCD, OLED နဲ့ mini LED နည်းပညာတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ နောက်ဆုံးသတင်းအရ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ Zhiyun မှာ တရုတ်ယွမ်ငွေ ၁၄၃ သန်း (ဒေါ်လာ သန်း ၂၀) ရင်းနှီးမြှုပ်နှံခဲ့ပြီး စုစုပေါင်းဝေစုရဲ့ ၅.၆၃% ဖြစ်တဲ့ ၁၅.၅ သန်းကို ပြန်ရခဲ့တယ်လို့ သိရပါတယ်။

Zhiyun ဟာ Imaging panel တွေအတွက် နည်းပညာတွေပံ့ပိုးပေးတဲ့ တရုတ်ကုမ္ပဏီကြီးဖြစ်သလို BOE, Xuaxing, Tianma နဲ့ Visionox စတဲ့ကုမ္ပဏီတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ Samsung နဲ့ ပြိုင်ဘက်တွေလို့လည်း ဆိုနိုင်ပါတယ်။

LCD panel တွေမြင့်တက်လာပြီး ဝယ်လိုအားမြင့်မားလာခြင်းက Zhiyun technologies ကို တရုတ်ထုတ်လုပ်သူတွေအကြား နာမည်ကောင်းနဲ့အောင်မြင်မှုကိုပိုရလာစေပြီး ရှန်ဟိုင်းစတော့အိတ်ချိန်းဈေးကွက်မှာလည်း ကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာခဲ့စေပါတယ်။ ဒါဟာ ဂျပန်နဲ့ ကိုရီးယားကုမ္ပဏီတွေရဲ့ တရုတ်ပြည်တွင်းဈေးကွက် ကြီးစိုးမှုကို ပယ်ဖျက်နိုင်ခဲ့ပြီး OLED နယ်ပယ်မှာလည်း အလားတူဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။

လက်ရှိအချိန်မှာတော့ Zhiyun ဟာ Foldable OLED display တွေကို ထုတ်လုပ်နိုင်တဲ့ တခုတည်းသော တရုတ်ကုမ္ပဏီ ဖြစ်နေပါသေးတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်တဲ့ Huawei ရဲ့ ဒေသတွင်း Panel ဝယ်ယူမှုကလည်း Zhiyun ကို အားကိုးနေရတယ်လို့ သိရပါတယ်။

Ref: GSM Arena