Xiaomi က Qualcomm မကြာခင်က ကြေညာထားတဲ့ Snapdragon 8s Gen 4 ပါတဲ့ ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ Redmi က အဲဒီ Chip ပါတဲ့ Turbo 4 Pro ကို ကြေညာထားပြီးပါပြီ။ အခုတော့ Xiaomi ရဲ့ အလှည့် ဖြစ်ပါတယ်။
Xiaomi CIVI 5 Pro 25067PYE3C appears on Geekbench with Qualcomm Snapdragon 8s Gen 4 chipset.
🔳 Snapdragon 8s Gen 4 SoC
1 Core × 3.21 GHz
3 Cores × 3.01 GHz
2 Cores × 2.80 GHz
2 Cores × 2.02 GHz
🎮 Adreno 825 GPU
🍭 Android 15
– 16GB RAM#XiaomiCIVI5Pro pic.twitter.com/A9TyxCKBd8— Abhishek Yadav (@yabhishekhd) May 12, 2025
အဲဒီ Chipset ကို Xiaomi Civi 5 Pro မှာ ထည့်သွင်းထားမှာ ဖြစ်ပြီး အရင်နှစ် မတ်လမှာ ကြေညာခဲ့တဲ့ Civi 4 Pro ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ အဲဒီအတွက် Civi 5 Pro ကို မကြာခင် မိတ်ဆက်နိုင်ပါတယ်။ အခုတော့ အဲဒီဖုန်းကို Geekbench Database မှာ တွေ့လာရပြီ ဖြစ်ပြီး SoC ကို သိလာရပါပြီ။
Benchmark မှာ တွေ့ရတဲ့ မော်ဒယ်မှာ 16GB RAM ထည့်သွင်းထားပြီး အခြေခံ Civi 5 Pro မှာ RAM ဒီထက်နည်းနိုင်ပါတယ်။ အဲဒီဖုန်းမှာ Android 15 အခြေပြု Xiaomi HyperOS ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Civi 5 Pro ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။ ကြေညာမယ့် အချိန်ကိုလည်း မသိရသေးပေမယ့် သိပ်မကြာတော့ဘူးလို့ ထင်ရပါတယ်။ မကြာခင်မှာ Xiaomi Civi 5 Pro ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။
Ref : Gsmarena