XDA Developers ရဲ့ ဖော်ပြချက်အရ Xiaomi ဟာ Snapdragon 865 ဖုန်း သုံးမျိုးထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး၊ ဒီထဲက နှစ်မျိုးကတော့ 108MP ကင်မရာကိုယ်စီနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ “umi” နဲ့ “cmi” ဆိုရင် Xiaomi Mi 10 နဲ့ Mi 10 Pro ကိုရည်ညွှန်းမှန်း သိကြပါလိမ့်မယ်။

ဒီ ဟန်းဆက်နှစ်ခုဟာ 108MP ကင်မရာကိုယ်စီ၊ အဆင်မြှင့်တင်ထားတဲ့ MIUI Gallery app ကိုယ်စီနဲ့ ဖြစ်ပါလိမ့်မယ်။ Mi 10 ကတော့ ပကတိပြင်ပဓါတ်ပုံအထိပါ ပေါက်ကြားပြီးဖြစ်ပါတယ်။ Mi 10 Pro ကတော့ Mi 10 ထက် ကင်မရာတစ်လုံးပိုမယ်လို့ သတင်းထွက်ထားတာပါ။

Mi 10 Pro ကတော့ 16GB of RAM, 66W အမြန်အားသွင်းစနစ်နဲ့ 120Hz refresh rate မျက်နှာပြင်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Mi 10 ကတော့ 108MP ကင်မရာနဲ့ တူညီတဲ့ Chipset သုံးထားမှာဖြစ်ပေမယ့် အမြန်အားသွင်းစနစ်ကတော့ Mi 10 Pro လောက် မြန်မှာမဟုတ်ဘူးလို့ သိရပါတယ်။

Snapdragon 865 နဲ့ တတိယမြောက် ဟန်းဆက်ကတော့ “Imi” လို့ဆိုထားတာကြောင့် Redmi K30 Pro လို့ ယုံကြည်ရပါတယ်။ Geekbench အရဆိုရင် SD865 သုံးထားတာကို အတည်ပြုနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ 64MP အဓိကကင်မရာကိုပဲ ရရှိမှာ ဖြစ်ပါတယ်။

Redmi K30 Pro ဟာ Chipset ပိုင်းကလွဲရင် ကျန်တဲ့ Hardware ပိုင်းတွေက K30 5G ကို အခြေခံထားတယ်လို့ ဆိုပါတယ်။ Redmi K30 က 120Hz မျက်နှာပြင်နဲ့ဖြစ်တာကြောင့် Pro ဗားရှင်းအနေနဲ့ ဒီထက်နိမ့်ကျသွားမှာမဟုတ်တာ သေချာပါတယ်။ ဒါပေမယ့် မရှင်းလင်းတာက Pro ဗားရှင်းရဲ့ အမြန်အားသွင်းစနစ်ဟာ 30W ထက် ပိုပြီးမြင့်မားမယ်၊ မမြင့်မားဘူး ဆိုတာပါပဲ။

Ref: GSM Arena