အခုအချိန်မှာ Android ဖုန်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်တဲ့ Feature တွေကို ကုမ္ပဏီတွေ အများအပြားက ဆောင်ရွက်နေပြီဖြစ်ပါတယ်။ Microsoft ကနေ Android ဖုန်းတိုင်းအတွက် Windows 10 PC နဲ့ ချိတ်ဆက်နိုင်တဲ့ Your Phone Software ကို ထုတ်ပေးထားသလို Huawei ကလည်း ကိုယ်ပိုင် Multi-screen Collaboration Feature တွေကို ထုတ်ပေးထားတာဖြစ်ပါတယ်။

အခုလည်း Xiaomi ကလည်း အလားတူ ကွန်ပျူတာကနေ ဖုန်းကို ထိန်းချုပ်နိုင်မယ့် Feature တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Feature ကိုတော့ Device Control App လို့ ခေါ်ဆိုထားပြီးတော့ Mi 10 Ultra ဖုန်းအတွက် MIUI 12 Beta မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Xiaomi Device Control App ဟာ လောလောဆယ်မှာ Xiaomi ဖုန်းကနေ Laptop ကို File တွေ Transfer ပြုလုပ်တာ၊ Phone Screen ကို Multiple Windows အနေနဲ့ အသုံးပြုတာနဲ့ ဖုန်းထဲမှာရှိတဲ့ ဓါတ်ပုံတွေနဲ့ File တွေကို ကွန်ပျူတာကနေ Edit ပြုလုပ်တာတွေအကုန်လုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ File Transfer ပြုလုပ်တဲ့အချိန်မှာ Bluetooth အစား Wi-Fi ကို အသုံးပြုပြီး ချိတ်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဒီ Device Control App ကို Mi 10 Ultra နဲ့ Mi Notebook Pro 15 2020 Model တွေမှာပဲ အသုံးပြုနိုင်တယ်လို့ သိရပြီးတော့ နောက်ပိုင်းမှာတော့ တခြားသော Xiaomi ဖုန်းတွေအပြင် Windows PC အကုန်လုံးမှာပါ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။ ဒီလိုမျိုး Feature ဟာ Microsoft ရဲ့ Your Phone လိုမျိုး Feature ထက် ပိုကောင်းလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority