Xiaomi က Twitter နဲ့ YouTube Channels တွေမှာ ကြော်ငြာ ၁ ခုကို မျှဝေလိုက်ပြီး Mi 10 Pro ရဲ့ 108MP ကင်မရာကို ဂြိုလ်တု ၁ လုံးနဲ့ အာကာသကို ပို့ဆောင်တာကို ပြသထားပါတယ်။ အဲဒီ ကင်မရာနဲ့ အာကာသကနေ ကမ္ဘာမြေကို ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို တွေ့ရပါတယ်။

Xiaomi က ၂၀၁၉ ခုနှစ်မှာ Mi 10 Pro မှာပါတဲ့ 108MP ကင်မရာကို  ဂြိုလ်တု ၁ လုံးနဲ့ အာကာသသို့ လွှတ်တင်ခဲ့ပြီး အဲဒီကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေက အရမ်းလန်းပါတယ်။ ကြော်ငြာ ဗီဒီယိုဟာ ၁ မိနစ်နဲ့ ၂၇ စက္ကန့်ကြာမြင့်ပြီး အဲဒီ ဓါတ်ပုံတွေဟာ ၈ စက္ကန့်စာလောက်ပါပါတယ်။ ဗီဒီယိုရဲ့ ၅၄ စက္ကန့်လောက်မှာ ဓါတ်ပုံတွေကို မြင်ရပါတယ်။

စမတ်ဖုန်း ကင်မရာတွေနဲ့ အာကာသကနေ ကမ္ဘာမြေရဲ့ ဓါတ်ပုံတွေ ရိုက်ကူးတာဟာ အကောင်းဆုံး အရည်အသွေးတော့ မရပါဘူး။ ဗီဒီယိုမှာ “ သင့် ကမ္ဘာကြီးကို 108 Megapixels နဲ့ ကြည့်ပါ။ “ လို့ ဖော်ပြထားပါတယ်။

Xiaomi ဟာ ၂၀၂၀ ခုနှစ်မှာ Users  သန်း ၁၀၀ ကျော်ကို ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်ဆိုတာ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။ Mi 10 နဲ့ Mi 10 Pro ကို တရုတ်မှာ ရောင်းပေးထားပြီး မတ်လ ၂၇ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတွက် ကြေညာမှာပါ။ တရုတ်က Flash Sale မှာလည်း ရောင်းအား တော်တော်လန်းခဲ့ပါတယ်။

Ref : gsmarena