Xiaomi ကနေ လက်ရှိအချိန်မှာ Wi-Fi 6 Router ဖြစ်တဲ့ Mi AIoT Router AX3600 ကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Router ဟာ စျေးနှုန်းမြင့်မားသလို ပုံမှန်အသုံးပြုသူတွေထက် AIoT Device တွေအတွက် အဓိကရည်ရွက်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ စျေးသက်သာတဲ့ Wi-Fi 6 Router အသစ်ဖြစ်တဲ့ Mi Router AX1800 ကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ AX1800 Router ဟာ Xiaomi အတွက် ဒုတိယမြောက် Wi-Fi 6 Router ဖြစ်လာတဲ့အပြင် စျေးနှုန်းအရလည်း တော်တော်လေးကို သက်သာသွားပြီဖြစ်ပါတယ်။

Design ပိုင်းအနေနဲ့လည်း Xiaomi AX1800 Router ဟာ Tower ပုံစံ Design ပြုလုပ်ထားတာဖြစ်ပြီး အခု Design အသစ်ကြောင့် Storage Space ပိုမိုရရှိလာတဲ့အပြင် အပူချိန်ကို ထိန်းသိမ်းနိုင်ဖို့ Heat Sink အတွက်လည်း နေရာပိုပြီးရရှိသွားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ 2.4GHz နဲ့ 5GHz Dual-Band အတွက် Hidden High-performance Antenna တွေထည့်သွင်းပေးထားပြီး Qorvo High Performance Independent Signal Amplifier တွေကြောင့် ပုံမှန်ထက် Signal Strength 4dB ပိုကောင်းလာမယ့်အပြင် Coverage ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ ပိုပြီး တိုးတက်လာမှာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ Qualcomm Quad-Core APQ6000 Chipset ကို NPU သီးသန့်ပါဝင်မှာဖြစ်သလို 256MB RAM လည်းပါဝင်မှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရတော့ ယခု AX1800 Router ဟာ Device ပေါင်း ၁၂၈ ခုအထိ ဆက်တိုက်ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Xiaomi AX1600 Wi-Fi 6 Router ကို လာမယ့် မေလ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ပုံမှန်စျေး ၃၂၉ ယွမ် (မြန်မာငွေ ၆ သောင်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပြီး Pre-order ပြုလုပ်တဲ့သူတွေကိုတော့ ၂၉၉ ယွမ် (မြန်မာငွေ ၆ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China