Xiaomi ဟာ လက်ရှိအချိန်မှာ Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုထားတဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Xiaomi 14 နဲ့ Xiaomi 14 Pro ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုကောင်းမွန်တဲ့ Xiaomi 14 Ultra ဖုန်းကို မိတ်ဆက်ဖို့စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။

အခုလည်း Xiaomi 14 Ultra ဖုန်းမှာ အသုံးပြုလာမယ့် နည်းပညာတစ်ခုရဲ့ သတင်းက ထပ်မံပေါက်ကြားလာခဲ့ပါတယ်။ ဒါကို Chinese Leakstar တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ပြောကြားခဲ့တာဖြစ်ပြီး Xiaomi 14 Ultra ဖုန်းဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Ultrasonic Under Display Fingerprint Sensor နည်းပညာကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Xiaomi 14 Ultra ဖုန်းမှာ အသုံးပြုထားမယ့် Ultrasonic Fingerprint Sensor နည်းပညာဟာ vivo လိုမျိုး Screen ရဲ့ အောက်ခြေဘယ်နေရာမဆို အသုံးပြုနိုင်တဲ့ နည်းပညာမျိုးတော့ မဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါကြောင့် လက်ရှိ Optical Under-Display Fingerprint Sensor တွေလိုမျိုးပဲ လက်မနေရာအတွက်ပဲ Fingerprint Sensor ကို နေရာပြုလုပ်ထားဦးမှာပါ။

လောလောဆယ်မှာ Samsung ရဲ့ Flagship ဖုန်းတွေအကုန်လုံးနီးပါးက Ultrasonic Fingerprint နည်းပညာကို အသုံးပြုနေပြီး တခြား Optical Fingerprint Sensor ပါဝင်တဲ့ဖုန်းတွေထက် ပိုမိုမြန်ဆန်သလို ပိုပြီးလုံခြုံမှာဖြစ်ပါတယ်။ Xiaomi က လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက Xiaomi Mi 5s စမတ်ဖုန်းမှာ Home Button အောက်ခြေမှာ Ultrasonic Fingerprint Sensor ကို ထည့်သွင်းခဲ့ဖူးပေမယ့် နောက်ပိုင်းဖုန်းတွေမှာ Home Button ကို ဖြုတ်ချလိုက်တဲ့အတွက် အခုအချိန်အထိ Under-Display Ultrasonic Fingerprint Sensor နည်းပညာကို ထည့်သွင်းနိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။

Ref – Gizmo China