Xiaomi ရဲ့ ဒုတိယ ဥက္ကဌနဲ့ မန်းနေဂျင်း ဒါရိုက်တာ ဖြစ်သူ Manu Kumar Jain က Fan ၁ ယောက်ကို Mi 10T Pro ၁ လုံး လက်ဆောင်ပေးလိုက်ပါတယ်။ သူဟာ အဲဒီဖုန်း မရရင် မိန်းမ မယူဘူးလို့ ပြောနေတဲ့အတွက် အခုလို လက်ဆောင်ပေးလိုက်တာပါ။

Mi Fan ၁ ယောက် ဖြစ်သူ Kamal Ahamad ဟာ အဲဒီ တောင်းဆိုမှုကို တွစ်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  Xiaomi ရဲ့ အရာရှိက အဲဒီ ပို့စ်ကို တွေ့ပြီး Reply လုပ်ကာ ဖုန်း လက်ဆောင်ပေးလိုက်တာပါ။ အရာရှိက ပို့စ်မှာ အခုဆိုရင် သင်ဟာ မိန်းမ ယူဖို့ အဆင်သင့် ဖြစ်သွားပါပြီလို့ အရွှန်းဖောက်ကာ ရေးသားထားပါသေးတယ်။ အရာရှိက “ #Mi10TPro ဟာ အိန္ဒိယမှာ အကောင်းဆုံး စွမ်းရည်မြင့် ဖုန်း ဖြစ်ပြီး သင်ကြိုက်မယ်လို့ ထင်ပါတယ်။ 108MP ကင်မရာကို စမ်းသပ်ကြည့်ပါ။ “ လို့ ပို့စ်မှာ ရေးသားထားပါသေးတယ်။

Mi 10T Pro 5G ကို စက်တင်ဘာလက ကြေညာခဲ့ပြီး ၆.၆၇ လက်မ မျက်နှာပြင်၊ Snapdragon 865 SoC နဲ့ 8GB RAM ထည့်ထားပါတယ်။ Android  10 OS နဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး အလန်းဆုံး အစိတ်အပိုင်း ၁ ခုက 108MP ပင်မ အနောက်ကင်မရာ ဖြစ်ပါတယ်။

Kamal Ahamad က ဖုန်း လက်ဆောင်ရပြီးနောက်မှာ နောက်ထပ် ပို့စ် ၁ ခု တင်ခဲ့ပြီး “ နောက်ဆုံးတော့ အလန်းစား ဖုန်းကြီးကို ရလိုက်ပါပြီ။ 108MP ကင်မရာက အံ့အားသင့်စရာကောင်းပြီး လုပ်ဆောင်ချက် အများကြီး ပါပါတယ်။ ရူပီး ၄ သောင်းအောက်ပဲ ရှိတဲ့ Mi 10T Pro ဟာ ပေးရတာထက် တန်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Ref : gizmochina