Xiaomi က MWC နည်းပညာ ပြပွဲမှာ တစ်ကမ္ဘာလုံးအတွက် Mi 10 နဲ့ Mi 10 Pro ကို ကြေညာဖို့ စီစဉ်ခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရက်စ်ကြောင့် ပွဲပျက်သွားပါတယ်။ အခုတော့ Xiaomi က မတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်မယ်လို့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

မူလစီစဉ်ထားတဲ့ ရက်ထက် ၁ လလောက်နောက်ကျပြီးမှ ကြေညာမှာ ဖြစ်တဲ့အတွက် မတ်လ ၂၇ ရက်နေ့ မိတ်ဆက်ပွဲပြီးနောက် သိပ်မကြာခင်မှာပဲ အဲဒီ စွမ်းရည်မြင့် 5G စမတ်ဖုန်းတွေကို ရောင်းချနိုင်ပါတယ်။ Mi 10 Pro ရဲ့ ပထမဆုံး အသုတ်ကို တရုတ်မှာ ရောင်းပေးထားပြီဖြစ်ပြီး အလုံးရေ ၃၃,၀၀၀ နဲ့ ၄၀,၀၀၀ ကြား ရောင်းချထားနိုင်ပါတယ်။

Mi 10 က Pro ထက် ရောင်းအား ပိုလန်းပြီး အလုံးရေ ၄၂,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရောင်းချထားနိုင်ခဲ့ပါတယ်။ Mi 10 Pro ဟာ DxOMark ရဲ့ ကင်မရာ အကောင်းဆုံး စမတ်ဖုန်းစာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး အသစ်စက်စက် ကြေညာထားတဲ့ OPPO Find X2 နဲ့ ရမှတ်တူသွားပါတယ်။ Xiaomi Mi 10 နဲ့ Mi 10 Pro ရဲ့ တစ်ကမ္ဘာလုံးအတွက် မိတ်ဆက်ပွဲကို YouTube, Twitter နဲ့ Facebook တို့မှာ တိုက်ရိုက် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Ref : gsmarena