Unicode

Xiaomi ရဲ့နောက်ထပ် Mi Flagship အသစ်ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဟိုကဒီက သတင်းတွေ တက်နေခဲ့ပေမယ့် အတည်ပြုနိုင်တဲ့ အချက်အလက်ကတော့ အင်မတန်ရှားပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဒီဖုန်းသစ်ရဲ့ Live ပုံရိပ်တွေတက်လာခဲ့ပြီး Quad-camera ပါမယ်ဆိုတဲ့ သတင်းကို အတည်ပြုပေးနိုင်ခဲ့ပေမယ့် Notch နဲ့ Punch-hole တွေကင်းမဲ့တဲ့ Display စတဲ့ အခြားအချက်အလက်တွေကို မဖော်ပြလာခဲ့နိုင်ပြန်ပါဘူး။

ယနေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ တရားဝင်ထုတ်ပြန်လာမယ့် Banner လို့ယူဆရတဲ့ ပုံကို အွန်လိုင်းပေါ်မှာ တွေ့ရှိလာခဲ့ရပါပြီ။ ထွက်ရှိရက်နောက်ဆုတ်ထားတဲ့ Mi Mix Alpha ရဲ့ဒီဇိုင်းကို မှီငြမ်းထားတာမြင်တွေ့ရပြီး Mi 10 ရဲ့ ဒီဇိုင်းက တော်တော်လေးမိုက်နေပါတယ်။

Mi Mix Alpha လိုတော့ ပတ်ပတ်လည် Display မပါဝင်ပေမယ့် အခုဒီဇိုင်းဟာ လာမယ့်အချိန်တိုအတွင်း Xiaomi မှ သွားချင်နေတဲ့ နည်းပညာလမ်းကြောင်းကို ဖော်ပြနေတယ်လို့ ဆိုရမှာပါ။ Mi Mix Alpha ကို တကယ်လို့ ဈေးကွက်ထဲမှာ မမြင်ရတော့ဘူး ဆိုရင်တောင် သူ့ကို အခြေခံလာမယ့် မျိုးဆက်သစ်စမတ်ဖုန်းတွေကိုတော့ ကျိန်းသေသုံးစွဲရမှာ ဖြစ်ပါတယ်။

သတင်းတွေထွက်ထားသလိုပဲ Banner ထဲမှာ နောက်ဆုံးပေါ် Snapdragon 865 5G ချစ်ပ်ဆက်ရဲ့တံဆိပ်ကိုလည်း မြင်တွေ့ရမှာပါ။ တော်တော်များများ ခန့်မှန်းထားပြီးဖြစ်ပေမယ့် Mi 10 မှာ 5G ပါဝင်လာမယ်ဆိုတာကို အတည်ပြုနိုင်သွားခဲ့ပါတယ်။

Banner ပေါ်မှာ မိတ်ဆက်လာမယ့်ရက်စွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့လို့လည်း ဖော်ပြထားတာကြောင့် အချိန်အနည်းငယ်တော့ လိုဦးမှာပါ။ ဒီကြားထဲမှာ Xiaomi Mi 10 Flagship ဖုန်းသစ်ရဲ့ သတင်းတွေကို ထပ်ကြားရဦးမှာ သေချာပါတယ်။

Ref – GSM Arena

Zawgyi

Xiaomi ရဲ႕ေနာက္ထပ္ Mi Flagship အသစ္ဟာ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း ဟိုကဒီက သတင္းေတြ တက္ေနခဲ့ေပမယ့္ အတည္ျပဳႏုိင္တဲ့ အခ်က္အလက္ကေတာ့ အင္မတန္ရွားပါးခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကလည္း ဒီဖုန္းသစ္ရဲ႕ Live ပုံရိပ္ေတြတက္လာခဲ့ၿပီး Quad-camera ပါမယ္ဆုိတဲ့ သတင္းကို အတည္ျပဳေပးႏုိင္ခဲ့ေပမယ့္ Notch နဲ႔ Punch-hole ေတြကင္းမဲ့တဲ့ Display စတဲ့ အျခားအခ်က္အလက္ေတြကို မေဖာ္ျပလာခဲ့ႏုိင္ျပန္ပါဘူး။

ယေန႔မွာေတာ့ ကံေကာင္းေထာက္မစြာနဲ႔ တရားဝင္ထုတ္ျပန္လာမယ့္ Banner လို႔ယူဆရတဲ့ ပုံကို အြန္လိုင္းေပၚမွာ ေတြ႕ရွိလာခဲ့ရပါၿပီ။ ထြက္ရွိရက္ေနာက္ဆုတ္ထားတဲ့ Mi Mix Alpha ရဲ႕ဒီဇုိင္းကို မွီျငမ္းထားတာျမင္ေတြ႕ရၿပီး Mi 10 ရဲ႕ ဒီဇုိင္းက ေတာ္ေတာ္ေလးမိုက္ေနပါတယ္။

Mi Mix Alpha လိုေတာ့ ပတ္ပတ္လည္ Display မပါဝင္ေပမယ့္ အခုဒီဇုိင္းဟာ လာမယ့္အခ်ိန္တုိအတြင္း Xiaomi မွ သြားခ်င္ေနတဲ့ နည္းပညာလမ္းေၾကာင္းကို ေဖာ္ျပေနတယ္လို႔ ဆုိရမွာပါ။ Mi Mix Alpha ကုိ တကယ္လို႔ ေစ်းကြက္ထဲမွာ မျမင္ရေတာ့ဘူး ဆုိရင္ေတာင္ သူ႕ကို အေျခခံလာမယ့္ မ်ဳိးဆက္သစ္စမတ္ဖုန္းေတြကိုေတာ့ က်ိန္းေသသုံးစြဲရမွာ ျဖစ္ပါတယ္။

သတင္းေတြထြက္ထားသလိုပဲ Banner ထဲမွာ ေနာက္ဆုံးေပၚ Snapdragon 865 5G ခ်စ္ပ္ဆက္ရဲ႕တံဆိပ္ကိုလည္း ျမင္ေတြ႕ရမွာပါ။ ေတာ္ေတာ္မ်ားမ်ား ခန္႔မွန္းထားၿပီးျဖစ္ေပမယ့္ Mi 10 မွာ 5G ပါဝင္လာမယ္ဆုိတာကို အတည္ျပဳႏုိင္သြားခဲ့ပါတယ္။

Banner ေပၚမွာ မိတ္ဆက္လာမယ့္ရက္စြဲကို ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔လို႔လည္း ေဖာ္ျပထားတာေၾကာင့္ အခ်ိန္အနည္းငယ္ေတာ့ လိုဦးမွာပါ။ ဒီၾကားထဲမွာ Xiaomi Mi 10 Flagship ဖုန္းသစ္ရဲ႕ သတင္းေတြကို ထပ္ၾကားရဦးမွာ ေသခ်ာပါတယ္။

Ref – GSM Arena