Xiaomi Mi 10 Youth Edition 5G ကို တရုတ်မှာ ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး နိုင်ငံတကာဈေးကွက်အတွက်လည်း ရောင်းမယ်ဆိုတာ သိလာခဲ့ရပါတယ်။ နိုင်ငံတကာမှာ Xiaomi Mi 10 Lite Zoom Edition နာမည်နဲ့ ရောင်းနိုင်ပါတယ်။ အခုတော့ ဒီသတင်းကို Qualcomm က အတည်ပြုလိုက်ပြီး Snapdragon 765G နဲ့ Quick Charge 3+ပါတဲ့ Mi 10 Lite Zoom Edition လို့ မတော်တဆ ဖော်ပြလိုက်မိပါတယ်။ Mi Note 10 Lite 5G ကို ဥရောပမှာ ရောင်းမယ့် သတင်းကို သိလာရပါပြီ။

မတ်လမှာ Xiaomi Mi 10 Lite 5G ကို ဥရောပမှာ ကြေညာခဲ့ပြီး Xiaomi က တရုတ်မှာ ရိုးရိုး မော်ဒယ်ကို မရောင်းခဲ့ဘဲ Youth Edition ကိုပဲ ကြေညာခဲ့ပါတယ်။ Mi 10 Lite 5G စမတ်ဖုန်းဟာ Mi 10 Lite Zoom Edition နဲ့ တူပါတယ်။ အဓိက ကွာခြားချက်က အနောက်ကင်မရာ ဖြစ်ပြီး နာမည်အတိုင်းပဲ Zoom Edition ဟာ ကင်မရာ အသားပေး ဖုန်း ဖြစ်ပါတယ်။ နောက်ထပ် ကွာခြားချက်က Mi 10 Lite 5G မှာ IR Blaster မပါဘဲ Zoom Edition မှာ ပါတာပါ။ 20W နဲ့ 22.5W Fast Charging တွေ အသီးသီး ထည့်ထားပါတယ်။

Mi 10 Lite Zoom Edition မှာ ၆.၅၇ လက်မ AMOLED မျက်နှာပြင်၊ HDR10+ , DC Dimming နဲ့ 180Hz Sampling Rate တွေ ပါလာမှာပါ။ Mi 10 Lite မှာ မပါတဲ့ Periscope ကင်မရာက Zoom Edition ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပါ။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 8MP Telephoto(5x Optical Zoom) နဲ့ 2MP Macro ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ပါပါတယ်။

Mi 10 Lite မှာလို Snapdragon 765G ပါတဲ့အတွက် 5G ဆက်သွယ်မှုပါလာမှာပါ။ Android 10 , 4,060mAh ဘက်ထရီနဲ့ 22.5W Fast Charging ထည့်ထားမှာပါ။ Xiaomisha က ဥရောပမှာ ‌မေလအတွင်း ရောင်းမယ်လို့ သတင်းပေးထားပါတယ်။ မလေးရှားမှာလည်း မှတ်ပုံတင်ထားတဲ့အတွက် အဲဒီမှာလည်း ရောင်းမှာ သေချာပါတယ်။

Ref : gizchina