Qualcomm က Premium Midrangers တွေအတွက် Quick Charge 3+ အမည်ရ လျှင်မြန်တဲ့ အားသွင်းနည်းပညာကို ကြေညာထားပါတယ်။ မိတ်ဆက်ပွဲမှာ အဲဒီ နည်းပညာပါတဲ့ ပထမဆုံး ဖုန်းတွေထဲမှာ Xiaomi Mi 10 Lite Zoom ပါမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ဖုန်းကို မကြေညာရသေးပေမယ့် Mi 10 Youth ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်လာမှာ သေချာပါတယ်။

Xiaomi Mi 10 Lite နဲ့ Xiaomi Mi 10 Youth တို့ဟာ ဒီဇိုင်း၊ ဘက်ထရီနဲ့ ဟာ့ဒ်ဝဲ အများစု တူညီကြပေမယ့် အဓိက ကွာခြားချက်က Youth Version မှာ Periscope Telephoto Lens ပါလာတာပါ။

Xiaomi ဟာ Redmi K30 Pro နဲ့ Redmi K30 Pro Zoom ၂ လုံးမှာလည်း အဲဒီလို ဒီဇိုင်း အသုံးပြုထားခဲ့ပါတယ်။ Redmi K30 Pro Zoom Version ဟာ Redmi K30 Pro ထက် တရုတ်မှာ ၇၀ ယူရိုလောက်ပိုဈေးကြီးပါတယ်။ Mi 10 Lite 5G ကို ဥရောပမှာ ၃၅၀ ယူရိုနဲ့ ရောင်းတဲ့အတွက် တရုတ် ပြင်ပမှာ Mi 10 Lite Zoom ကို ၄၁၉ ယူရို ( ၆ သိန်း ၄ သောင်းလောက်)နဲ့ ရောင်းနိုင်ပါတယ်။

Ref : gsmarena